ဘားအံမြို့၌ ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲ ပြုလုပ်

ဘားအံ မေ ၂၄

 

ကရင်ပြည်နယ် ဘားအံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန  လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌  ဇွန်လ  ၅ ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အကြို အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် ၉ နာရီက  ပြုလုပ်ခဲ့သည်။

 

အသိပညာပေး ဟောပြောပွဲတွင် ဘားအံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်စိုးစိုးအေးက ကျောင်းသား ကျောင်းသူ လူငယ်များအနေဖြင့်  ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်း ရေးနေ့ဖြစ်ပေါ်လာပုံအကြောင်း၊ ပတ်ဝန်းကျင်ညစ်ညမ်းမှုကို ဖြစ်ပေါ်စေနိုင်သည့် အကြောင်းအရာများကို ကျောင်းသား၊ လူငယ်များ သိရှိနာလည်းနိုင်စေရန်အတွက် အသိပညာပေး ဟောပြောပွဲပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်း ပြောကြားသည်။

 

ဆက်လက်၍ ဘားအံခရိုင် ပတ်ဝန်းကျင် ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်နော်ဆင်းပြည့်ရွှေက  ပတ်ဝန်းကျင် ထိန်းသိမ်းရေးကိုဘာကြောင့် ဆောင်ရွက်သင့်သလဲ၊ ပတ်ဝန်းကျင် ညစ်ညမ်းမှု၊ ပတ်ဝန်းကျင် ယိုယွင်းပျက်စီးလာမှု အကြောင်းအရာများ၊ သဘာဝ သံယံဇာတ အရင်းအမြစ်များ ပျက်စီးဆုံးရှုံးမှု မရှိစေဘဲ ပစ္စုန်ပ္ပန် ၊ အနာဂတ်မှာ ထုတ်ယူသုံးစွဲနိုင်မည့် နည်းလမ်းများ ၊ အနာဂတ်မှာ ယိုးယွင်းပျက်စီးလာစေနိုင်မည့် အခြေအနေများကို ကြိုတင်မှန်းဆပြီး  ထိန်းသိမ်းကာကွယ်ရန် လိုအပ်ကြောင်း၊ စနစ်တကျ အမှိုက်စွန့်ပစ်နိုင်မည့် နည်းလမ်းများအကြောင်း အသိပညာပေး ဟောပြောခဲ့ကြောင်း သိရှိရသည်။

 

အဆိုပါ ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အကြိုအထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲသို့ ဘားအံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား/ကျောင်းသူ (၄၀)  တက်ရောက်ခဲ့ပြီး သိရှိလိုသည်များ ပြန်လည်မေးမြန်းခဲ့ကြကြောင်း သိရှိရသည်။

 

ခရိုင် (ပြန်/ဆက်)