ဘားအံမြို့နယ်အတွင်းရှိ ကျေးရွာ ၅ ရွာ၌ သောက်သုံးရေရရှိရေးလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီး

ဘားအံ မတ် ၂၀

 

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ သန့်ရှင်းသော သောက်သုံးရေ ရရှိရေးအတွက် နည်းလမ်းမျိုးစုံဖြင့် ဆောင်ရွက်ပေးလျက်ရှိရာ ယခုဘဏ္ဍာရေးနှစ်တွင် ဘားအံမြို့နယ်အတွင်းရှိ ကော့ခလိုင်စိန်ကျေးရွာ၊ ထီထားပလိုကျေးရွာ၊ ကျိုက်ပိကျေးရွာ၊ လှိုင်ရှေ့ကျေးရွာနှင့် ဝဲကနင်ကျေးရွာတို့၌ ကရင်ပြည်နယ်အစိုးရ ရန်ပုံငွေကျပ် ၇၉ ဒသမ ၈၄ သန်းဖြင့် ရေရရှိရေးလုပ်ငန်းများ ဆောင်ရွက်မှု ရာနှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

 

ဘားအံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက အဆိုပါကျေးရွာ ၅ ရွာ၌ ၄ လက်မအကျယ် အနက် ၂၀၀ ပေ စက်ရေတွင်း တူးဖော်ခြင်း၊ ဂါလန် ၂၄၀၀ ဆံ့ စင်မြင့်ရေစင် တည်ဆောက်ခြင်းနှင့် ရေစင်အောက်တွင် အခန်းဖွဲ့ခြင်းလုပ်ငန်းများကို ကရင်ပြည်နယ်အစိုးရ ရန်ပုံငွေကျပ် ၇၉ ဒသမ ၈၄ သန်း အသုံးပြု၍ အမျိုးသားကောင်းကုမ္ပဏီက ၂၀၂၂ ခုနှစ် ဇွန်လ ၈ ရက်နေ့က စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့် ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

 

အဆိုပါကျေးရွာ ၅ ရွာ၌ စက်ရေတွင်းတူးဖော်ခြင်းနှင့် ဆက်စပ်လုပ်ငန်းများဆောင်ရွက်ပေးခြင်းကြောင့် အိမ်ခြေ ၂၉၁ အိမ်၊ လူ ၁၅၈၅ ဦးနှင့် ကျွဲ၊ နွား တိရစ္ဆာန်များအတွက် သန့်ရှင်းသော သောက်သုံးရေ လုံလောက်စွာရရှိပြီး လာမည့်နွေရာသီကာလတွင် သောက်သုံးရေ ရှားပါးသည့် အဆင်မပြေမှုများကို ကျော်လွှားနိုင်မည်ဖြစ်ကြောင်း ဘားအံမြို့နယ် ဦးစီးမှူး ဦးသူရလွင်ထံမှ သိရသည်။

 

ယွန်း(ရေစကြို)