ဘားအံမြို့နယ်၌ ပြည်သူ့စစ်မှုထမ်းဥပဒေ ကြိုဆိုထောက်ခံပွဲကျင်းပ

ဘားအံ ဖေဖော်ဝါရီ ၂၇

 

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘားအံမြို့နယ်၌ ပြည်သူ့စစ်မှုထမ်းဥပဒေ  ကြိုဆိုထောက်ခံပွဲကို ဘားအံမြို့၊ အမှတ်(၃)ရပ်ကွက်၊ မြို့မအားကစားကွင်း၌ ဖေဖော်ဝါရီ ၂၇ ရက် နံနက်ပိုင်းက ပြုလုပ်ခဲ့ရာ ပြည်သူ့စစ်မှုထမ်းဥပဒေ ထောက်ခံသူ ၅၀၀ ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။

 

အခမ်းအနားတွင် ဦးအောင်စိုးသန်းက ပြည်သူ့စစ်မှုထမ်းစနစ် သိကောင်းစရာများကို ဟောပြောပြီး ထောက်ခံပွဲတက်ရောက်လာသူ ဦးမင်းငွေထွန်းက ထောက်ခံဆွေးနွေးသည်။ ဆက်လက်၍ ပြည်သူ့စစ်မှုထမ်းဥပဒေထောက်ခံပွဲသို့ တက်ရောက်လာသည့် ဒေသခံပြည်သူများက ပြည်ထောင်စု မပြိုကွဲရေး(ဒို့အရေး)၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေး(ဒို့အရေး)၊ အချုပ်အချာအာဏာ တည်တံ့ခိုင်မြဲရေး(ဒို့အရေး)၊ ပြည်သူ့စစ်မှုထမ်းဥပဒေကို (ထောက်ခံပါသည်) ကြွေးကြော်သံများ ကြွေးကြော်ကာ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

 

ခရိုင်(ပြန်/ဆက်)