ဘားအံမြို့နယ်နှင့် မဟာအောင်မြေမြို့နယ်တို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

နေပြည်တော် ဇွန် ၂၈

 

ဘားအံမြို့နယ်နှင့် မဟာအောင်မြေမြို့နယ်တို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှသိရသည်။

 

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇွန် ၂၆ ရက် မွန်းလွဲ ၁၂ နာရီခွဲတွင် ဘားအံမြို့နယ်၊ လှာကာကျေးရွာအုပ်စု၊ လှာကာကျေးရွာရှိ သန်းဦး(ခ)မောင်ကျော်ပိုင်၏ နေအိမ်ကို ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၅၅ ပြား သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ မွန်းလွဲ ၁ နာရီတွင် စောမြင့်အေး(ခ)ယောက်ချို၏ နေအိမ်ကို ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၃,၁၉၄ ကိုလည်းကောင်း၊ အလားတူ မွန်းလွဲ ၂ နာရီတွင် မနန်းမြင့်မြင့်ခင်၏ နေအိမ်ကို ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၀၀,၀၀၀ ကို လည်းကောင်း၊ ထို့အတူ ညနေ ၆ နာရီတွင် ဘားအံမြို့နယ်၊ ကော့ထမ္မလိန်းကျေးရွာအုပ်စု၊ ကော့ထမ္မလိန်းကျေးရွာရှိ မနန်းဝင်းခင်၏ နေအိမ်ကို ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၆၈၀,၀၀၀ ကိုလည်းကောင်း ဖမ်းဆီးရမိသည်။

 

ထို့ပြင် ပူးပေါင်းအဖွဲ့သည် ဇွန် ၂၇ ရက် မွန်းလွဲ ၂ နာရီတွင် မဟာအောင်မြေမြို့နယ်၊ မဟာနွယ်စဉ်ရပ်ကွက်၊ လမ်း ၄၀ နှင့် ၆၉ (B) လမ်းထောင့်တွင် မသင်္ကာဖွယ်တွေ့ရှိသူ မိုင်းညီသိန်းစံအား စစ်ဆေးရှာဖွေရာ စိတ်ပြောင်းဆေးဝါး Happy Water သုည ဒသမ ၆ ကီလို သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။

 

သတင်းစဉ်