ဘားအံမြို့တွင် ဒီဇင်ဘာအားကစားလ လူထုလမ်းလျှောက်ပွဲ (စတုတ္ထအပတ်)နှင့် အားကစားပွဲများပြုလုပ်

ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာအားကစားလ အားကစားလှုပ်ရှားမှုများအနေဖြင့် လူတိုင်းသက်ရှည်ကျန်းမာရေးအတွက် နေ့စဉ်ကိုယ်လက်လှုပ်ရှားအားကစားများ လုပ်ဆောင်စေရန်အတွက် ရည်ရွယ်၍  စုပေါင်းလူထုလမ်းလျှောက်ပွဲ (စတုတ္ထအပတ်)နှင့် အားကစာပွဲများကိုပြုလုပ်ရာ  ဒီဇင်ဘာ ၂၂ ရက်နေ့၊ နံနက် ၅ နာရီ အချိန်တွင်  ပြည်နယ်သီရိကွင်းအနီးနှမ်းလုံးကြိုင်လမ်းထိပ်မှ  လူထုလမ်းလျှောက်ပွဲကို စတင်ကြသည်။

လူထုလမ်းလျှောက်ပွဲတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ပညာရေးကောလိပ်နှင့် သူနာပြုသားဖွား သင်တန်းသား/ သင်တန်းသူများ၊ ကရင်ဘော်ဒါဆောင်မှ ကျောင်းသား/ကျောင်းသူများ၊ အခြေခံပညာကျောင်းများမှ ကျောင်းသား/ ကျောင်းသူများ၊ မြို့ပေါ်ရပ်ကွက်နေ ပြည်သူများစုစုပေါင်း(၂၀၀၀၀)ကျော်ခန့်သည် ဘားအံမြို့ ပြည်နယ်သီရိကွင်း အနီး နှမ်းလုံးကြိုင်လမ်းထိမ်မှ စတင်ကာ သီရိလမ်း၊ဗိုလ်ချုပ်လမ်း နာရီစင်မှ တစ်ဆင့် ကမ်းနားလမ်း၊ အင်ကုန်းလမ်းမှ တစ်ဆင့်  သီရိလမ်းသို့ပြန်ဝင်ကာ ပြည်နယ် သီရိကွင်းတွင် ကိုယ်လက်လှုပ်ရှား ဆေးတစ်ပါးအစီအစဉ် Myanmar   Fitness   Dance  ကိုယ်လက်လှုပ်ရှားမှုကို အတွဲအမှတ်စဉ်များအလိုက်  ဆောင်ရွက်ကြသည်။

ဆက်လက်၍ အားကစားပြိုင်ပွဲများကို ကျင်းပပြုလုပ်ပေးရာ လွန်ဆွဲပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ ဘော်လီဘောပြိုင်ပွဲ၊ ထုပ်ဆီးထိုးပြိုင်ပွဲ၊ ပြေးခုန်ပစ်ပြိုင်ပွဲများတွင် မိတာ(၁၀၀၊၂၀၀)၊ သံလုံးပစ်၊ သံပြားပစ်၊ လှံတံပစ်၊ သီရိကွင်းပတ်ပြေး ပြိုင်ပွဲများကို ကျောင်းအဆင့်၊ တက္ကသိုလ်အဆင့်၊ အလွတ်တန်းအဆင့်၊ ရပ်ကွက်နှင့်ဌာနဆိုင်ရာအဆင့်များကို အားကစားဝါသနာရှင်များ၊ ဌာနဆိုင်ရာများ၊ ကျောင်းသား/ကျောင်းသူများက ပျော်ရွင်စွာ ပါဝင်ယှဉ်ပြိုင်ကြပြီး ဆုများကိုလည်း ချီးမြှင့်ခဲ့ကြောင်း သိရသည်။

နေမျိုးလွင်(ပြန်/ဆက်)