ဘားအံ၌ စနေနေ့တိုင်း တောင်းသူလယ်သမားဈေး ဖွင့်လှစ်ရောင်းချ

ဘားအံ      ဇွန်      ၄

တောင်သူလယ်သမားများကိုယ်တိုင် စိုက်ပျိုးမွေးမြူထွက်ရှိလာသော အသား၊ ငါး၊ ဥအမျိုးမျိုးနှင့် ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံများကို အခွန်အခပေးဆောင်ရန်မလိုဘဲ စားသုံးသူထံ သင့်တင့်သော နှုန်းထားဖြင့် တိုက်ရိုက်ရောင်းချသည့် တောင်သူလယ်သမားဈေးကို ကရင်ပြည်နယ်၊ ဘားအံမြို့၊ အမှတ်(၄) ရပ်ကွက်ရှိ ကန်သာယာ (ယာယီညဈေး)၌ အပတ်စဉ် စနေနေ့ မနက်ခင်းတိုင်းတွင် ဖွင့်လှစ်ရောင်းချခဲ့သည်။

ထိုသို့ ရောင်းချနေမှုကို ဇွန် ၄ ရက် နံနက်ပိုင်းက ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက တောင်သူလယ်သမားဈေးအတွင်း ဈေးရောင်း၊ ဈေးဝယ် ဆောင်ရွက်မှုအခြေအနေများကို လှည့်လည်ကြည့်ရှု အားပေးပြီး လိုအပ်သည်များမှာ ကြားခဲ့သည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)