ဘာကီးနား ဖားဆို နိုင်ငံတွင် စစ်သွေးကြွများ တိုက်ခိုက်မှု နှစ်ခုဖြစ်ပွားသဖြင့် လူပေါင်း ၂၉ ဦးကျော် သေဆုံး

၉ စက်တင်ဘာ

 

ဘာကီးနား ဖားဆိုနိုင်ငံမြောက်ပိုင်းတွင် ယမန်နေ့က  စစ်သွေးကြွ နှစ်ဖွဲ့ တိုက်ခိုက်မှုကြောင့် လူပေါင်း ၂၉ ဦးကျော် သေဆုံးခဲ့ကြောင်း ဒေသခံမီဒီယာက ယနေ့သတင်းထုတ်ပြန်ခဲ့သည်။

 

ဆန်မာတန်ဂါပြည်နယ် မြောက်ပိုင်းတွင် ယင်းတိုက်ခိုက်မှု နှစ်ခုစလုံး ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ယမန်နေ့က ခရီးသည်များနှင့် ကုန်ပစ္စည်းများ တင်ဆောင်လာသော အလုံပိတ်မော်တော်ယာဉ် တစ်စီး ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သဖြင့် အရပ်သား ၁၅ ဦး သေဆုံးခဲ့ပြီး အခြားခြောက်ဦး ဒဏ်ရာရရှိခဲ့သည်။

 

တစ်ချိန်တည်းမှာပင် ၅၀ ကီလိုမီတာ အကွာခန့်တွင် အစားအသောက်ထုတ်ကုန်ပစ္စည်းများ တင်ဆောင်လာသော စက်ဘီးသမားများကို စစ်သွေးကြွများက  ချောင်းမြောင်းတိုက်ခိုက်ခဲ့သဖြင့် ၁၄ ဦး သေဆုံးခဲ့ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

အဆိုပါ ဖြစ်ရပ်များကဲ့သို့ ထပ်မံ မဖြစ်ပွားစေရန် စစ်ကူများ ဖြန့်ချထားကြောင်း အစိုးရက ကတိပြုပြောကြားခဲ့သည်။

 

ဘာကီးနား ဖားဆို နိုင်ငံတွင် ၂၀၁၅ ခုနှစ်မှ စတင်ကာ အကြမ်းဖက်တိုက်ခိုက်မှုများနှင့်ရင်ဆိုင်ခဲ့ရသဖြင့် လူပေါင်း ၅၀ဝ ကျော် သေဆုံးပြီး နှစ်သိန်းရှစ်သောင်း အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည်။

 

ကိုးကား - ဆင်ဟွာ
ဘာသာပြန် - မြင့်မြင့်ချို