ဘောဂလိမြို့တွင် အိမ်ထောင်စုလူဦးရေစာရင်းနှင့် မြေပြင်ရှိလူဦးရေစာရင်း တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ဘောဂလိ ဇန်နဝါရီ ၁၆

 

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘောဂလိမြို့တွင် အိမ်ထောင်စုရှိလူဦးရေစာရင်းနှင့် မြေပြင်ရှိ လူဦးရေစာရင်းများ တိကျမှန်ကန်မှုရှိစေရေးအတွက် တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်းများကို ယမန်နေ့က သပြေညွန့်ကျေးရွာအုပ်စုတွင် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

 

အဆိုပါ အိမ်ထောင်စုလူဦးရေးစာရင်း မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးလုပ်ငန်းအား သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးအောင် ကောက်ယူနိုင်ရန်နှင့် စာရင်းအချက်အလက်များ ပြည့်စုံမှန်ကန်စေရန်အတွက် မြို့အုပ်ချုပ်ရေးမှူး ဦးစောဘိုဘိုကျော်ဦးဆောင်၍ ရပ်ကွက်/ကျေးရွာအုပ်စု မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီအဖွဲ့များက လိုအပ်သည်များကို ကြီးကြပ်ကူညီဆောင်ရွက်ပေးကာ ကျေးရွာအုပ်စုရှိ အုပ်ချုပ်ရေးမှူးများနှင့် ရပ်ကျေးစာရေးဝန်ထမ်းများ ပူးပေါင်း၍ တစ်အိမ်တက်ဆင်း ကွင်းဆင်းစာရင်း ကောက်ယူပေးခဲ့ကြောင်း သိရသည်။

 

ဘောဂလိမြို့တွင် မြို့ပေါ်(၄)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၁၇)အုပ်စုရှိရာ မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူခြင်းလုပ်ငန်းများကို ဇန်နဝါရီလ (၉)ရက်မှစ၍ (၃၁)ရက်နေ့အထိ  ကောက်ယူသွားမည်ဖြစ်ကြောင်း သိရသည်။

 

မူးလားလာ(ပြန်/ဆက်)