ရန်ကုန် ဇွန် ၂
မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့် လခြမ်းနီအသင်းများ ဖက်ဒရေးရှင်းတို့ ပူးပေါင်းပြုလုပ်သည့် “ဘေးကင်းလုံခြုံမှုဆိုင်ရာ စီမံခန့်ခွဲရေး ၂၀၂၅ ခုနှစ် လုပ်ငန်းပြန်လည်သုံးသပ်ခြင်း အလုပ်ရုံဆွေးနွေးပွဲ”ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ရှိ Rose Garden Hotel တွင်ပြုလုပ်ရာ အသင်းဥက္ကဋ္ဌ ပါမောက္ခဒေါက်တာ မျိုးညွန့် တက်ရောက်အမှာစကား ပြောကြားသည်။
ထို့နောက် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့် လခြမ်းနီအသင်းများ ဖက်ဒရေးရှင်းမှ Head of Delegation Ms.Nadia KHOURY နှင့် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီမှ Movement Cooperation Specialist ဒေါ်အေးသန္တာထွန်းတို့က နှုတ်ခွန်းဆက်စကားပြောကြားပြီး ဘေးကင်း လုံခြုံမှုဆိုင်ရာ စီမံခန့်ခွဲရေးတာဝန်ခံ ဦးအောင်နိုင်လွင်က ၂၀၂၅ ခုနှစ်အတွင်း လုပ်ငန်းပြီးမြောက် အောင်မြင်မှုများကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် ၂၀၂၅ ခုနှစ်အတွင်း ဘေးကင်းလုံခြုံမှုဆိုင်ရာ စီမံခန့်ခွဲမှုအကောင်းဆုံးဆု၊ ချိတ်ဆက်ညှိနှိုင်းမှု အကောင်းဆုံးဆု၊ အသိပညာပေးမှုနှင့် အစီအစဉ်ရေးဆွဲမှုအကောင်းဆုံး ဂုဏ်ပြုဆုများကို ပေးအပ် ချီးမြှင့်သည်။
ဇွန်၂ ရက်မှ ၃ ရက်အထိ ပြုလုပ်လျက်ရှိသည့် အဆိုပါအလုပ်ရုံ ဆွေးနွေးပွဲသို့ တိုင်းဒေသကြီး/ ပြည်နယ် ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌများနှင့် ကြက်ခြေနီတပ်ဖွဲ့မှူးများ၊ ဘေးကင်းလုံခြုံမှုဆိုင်ရာ ညှိနှိုင်း ဆောင်ရွက်ပေးသူ Focal Person ကြက်ခြေနီစေတနာ လုပ်အားရှင်များ တက်ရောက်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်


