ဘဂ္ဂဒက်ဗုံးပေါက်ကွဲမှုနှင့် ဆက်စပ်မှုရှိသည့် အကြမ်းဖက်သမားများကို ဖမ်းဆီးမိ

ဘဂ္ဂဒက် ဇူလိုင် ၂၆

မကြာသေးမီက အီရတ်နိုင်ငံ ဘဂ္ဂဒက်မြို့တွင် ဖြစ်ပွားခဲ့သည့် ဗုံးပေါက်ကွဲမှုနှင့် ဆက်စပ်မှုရှိသည့် အကြမ်းဖက်အုပ်စုတစ်စုကို ဖြိုဖျက်နိုင်ခဲ့သည်ဟု အီရတ်ဝန်ကြီးချုပ် မူစတာဖာ အယ်ခက်ဟီမီ က ဇူလိုင် ၂၄ ရက်တွင် ကြေညာခဲ့သည်။

အဆိုပါ အကြမ်းဖက်အဖွဲ့တစ်ဖွဲ့လုံးကို ဖမ်းဆီးနိုင်ခဲ့သည်ဟု အီရတ်ဝန်ကြီးချုပ်က တွစ်တာပေါ်တွင် ကြေညာခဲ့သည်။ ယခု သီတင်းပတ်အစောပိုင်းတွင် ဘဂ္ဂဒက်၌ ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ လူ ၃၀ သေဆုံးခဲ့ပြီးလူ ၅၀ ဒဏ်ရာရရှိခဲ့သည်။

အိုင်အက်စ်တို့က ယင်းပေါက်ကွဲမှုမှာ ၎င်းတို့၏လက်ချက်ဟု ပြောဆိုခဲ့သည်။ အီရတ်နိုင်ငံတွင် လုံခြုံရေးတိုးမြှင့်ပြီးနောက် မြို့တော်ဘဂ္ဂဒက်ကဲ့သို့သော နေရာမျိုးတွင် ပေါက်ကွဲမှုဖြစ်စဉ်မှာ ရှားပါးသည့် ဖြစ်ရပ်ဖြစ်သည်။

ဆင်ဟွာ