ဘဟားမားနိုင်ငံမှာ သေဆုံးသူဦးရေတိုးလာပြီး ဟာရီကိန်းဟာ အမေရိကန် ကမ်းရိုးတန်းဘက်ကို ဝင်ရောက်သွားပြီး

၄ စက်တင်ဘာ


ဘာဟားမားနိုင်ငံမှာ ဒေါ်ရီယန်ဟာရီးကိန်းကြောင့် သေဆုံးသူ ၇ ဦး အထိရှိလာပြီး ဟာရီကိန်းဟာ အမေရိကန်နိုင်ငံ ကမ်းရိုးတန်းဘက်ကို ရွေ့လျားသွားပြီဖြစ်ပါတယ်။ 


ဘာဟားမားဝန်ကြီးချုပ်က သတင်းစာရှင်းလင်းပွဲမှာ သေဆုံးသူအရေအတွက် ထပ်တိုးလာဖွယ်ရှိကြောင်း၊ နိုင်ငံရဲ့ သမိုင်းမှာ ဝမ်းနည်းစရာကောင်းတဲ့ အဖြစ်အပျက်ဖြစ်တယ်။ ဟာရီကိန်းဒဏ်ခံ အပြင်းအထန်ဆုံး ခံခဲ့ရတဲ့ အက်ဘာကို ကျွန်းမှာ ရေကြီးရေလျှံမှုတွေနဲ့ ကြုံတွေနေရသလို၊ အဲဒီမှာရှိတဲ့ နေအိမ်တွေ၊ စီးပွားရေးလုပ်ငန်းတွေနဲ့ အခြေခံအဆောက်အအုံတွေ ပျက်စီးဆုံးရှုံးကြရတယ်လို့ သတင်းဌာနတွေကို ပြောပါတယ်။

 
အမေရိကန်ကမ်းရိုးတန်းစောင့်တပ်ဖွဲ့က ရဟတ်ယဉ်များ စေလွှတ်ပြီး ဘာဟားမားနိုင်ငံ တောင်ပိုင်းရှိ အန်ဒရော့ကျွန်းမှာ ကယ်ဆယ်ရေးကို လုပ်ဆောင်နေပါတယ်။ ဒါပေမယ့် ဘာဟားမား နိုင်ငံတကာ လေဆိပ်မှာ  ရေတွေ ဖုံးနေတဲ့အတွက် ကယ်ဆယ်ရေးအတွက် အခက်အခဲဖြစ်နေရပါတယ်။ 


အမေရိကန်နိုင်ငံ ဖလော်ရေဒါပြည်နယ်မှာ နေထိုင်တဲ့ သူတွေကလည်း ဘာဟားမားနိုင်ငံက ဟာရီကိန်း ဒဏ်ခံရသူတွေကို ကူညီဖို့ အစားအသောက်တွေနဲ့ အဝတ်အထည်တွေကိုလည်း စုဆောင်းနေတာကိုလည်း တွေ့ရပါတယ်။ 


ဒေါ်ရီယန် ဟာရီကိန်းဟာ အမေရိကန်နိုင်ငံ တောင် နဲ့ မြောက် ကာရိုလိုင်းနားကမ်းရိုးတန်းဘက်ကို ဖြတ်သွားမှာဖြစ်ပါတယ်။ အဲဒီဒေသတွေမှာ ကြာသပတေးနေ့ကနေ သောကြာနေ့မနက်ပိုင်းအထိ ဝင်ရောက်တိုက်ခတ်မှုဖြစ်တဲ့အတွက် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က သတိပေးနေပါတယ်။ 


ပန်တာဂွန်က ကာရိုလိုင်းနားကမ်းရိုးတန်းဘက်ကို အမျိုးသားကမ်းခြေစောင့်တပ်သား ၅၀ဝ၀ နဲ့ တာဝန်ကျ စစ်သား ၂၇၀ဝ ကို တာဝန်ချထားတဲ့အတွက် လိုအပ်ရင် တာဝန်ထမ်းဆောင်ရန် အသင့်ရှိကြောင်း ပြောပါတယ်။ 


MDN
ကိုးကား - AFP