ဘီလိုက်ဇ်တွင် ဂျပန်သားအဖနှစ်ဦး ပစ်ခတ်ခံရ

၁၀ ဖေဖော်ဝါရီ

 

အမေရိကန်နိုင်ငံအလယ်ပိုင်း ဘီလိုက်ဇ်တွင် သေနတ်သမား နှစ်ဦးက ဂျပန်လူမျိုး သားအဖနှစ်ဦးကို ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ ဖခင်ဖြစ်သူ ဒဏ်ရာရရှိခဲ့ပြီး သားဖြစ်သူသေဆုံးခဲ့ကြောင်း သိရသည်။

 

ဒေသခံရဲတပ်ဖွဲ့နှင့် သတင်းသမားများက  အဆိုပါနိုင်ငံ၏ အကြီးဆုံးမြို့ဖြစ်သော ဘီလိုက်ဇ်တွင် ပြီးခဲ့သည့် ကြာသပတေးနေ့က ထိုပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း၊ ပစ်ခတ်ခံခဲ့ရသူမှာ အသက် ၅၃ နှစ်အရွယ်ရှိ တာကာယုကီ ရာနီ ဆိုသူဖြစ်ပြီး ၎င်း၏အိမ်ရှေ့  မော်တော်ယာဉ် ဖြင့်ထွက်ချိန်တွင် လူနှစ်ဦးက ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

 

ထိုပစ်ခတ်မှုကြောင့် တာကာယုကီ ရာနီကို ကယ်ဆယ်ရန် လာရောက်သော ၎င်း၏သားဖြစ်သူ အသက် ၁၉ နှစ်အရွယ် မာဆာကီ  ကိုအချက်ပေါင်းများစွာပစ်ခတ်ခဲ့ပြီး တာကာယုကီ ရာနီ၏ပိုက်ဆံအိတ်ကို ယူဆောင်ထွက်ပြေးသွားခဲ့ကြောင်း ဖော်ပြထားသည်။

 

ရဲတပ်ဖွဲ့က အဆိုပါ ပစ်ခတ်သူနှစ်ဦးကို ရှာဖွေနေပြီး လုယက်မှုသံသယရှိသူများကို စုံစမ်းစစ်ဆေးနေကြောင်း သိရသည်။

 

တာကာယုကီ ရာနီသည် ထိုနိုင်ငံရှိ ဂျပန်စားသောက်ဆိုင်တွင် လုပ်ကိုင်နေသူဖြစ်ပြီး ၎င်းစားသောက်ဆိုင်မှ အိမ်သို့ပြန်ရောက်ချိန်တွင် ပစ်ခတ်ခံရခြင်းဖြစ်သည်။

 

၂၀၁၇ ခုနှစ်မှစ၍ ယင်းနိုင်ငံတွင် ဂျပန်လူမျိုး ၄၅ ဦး နေထိုင်ခဲ့ကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းဖော်ပြထားသည်။

 

ကိုးကား အန်အိတ်ချ်ကေ
ဘာသာပြန် မြင့်မြင့်ချို