ယောင်ဒေး   ဇွန်   ၉

ဗဟိုအာဖရိကသမ္မတနိုင်ငံတွင် ဧပြီလမှစတင်ကာ ဝက်သက်ရောဂါနှင့်ဆက်နွှယ်သည့် သေဆုံးသူပေါင်း ၅၀ ကျော်ရှိကြောင်း  ဒေသအာဏာပိုင်များက ဇွန် ၉ ရက်တွင် ပြောသည်။

သေဆုံးသူများမှာ နိုင်ငံအရှေ့မြောက်ပိုင်း အထူးသဖြင့် ဗာကာဂါခရိုင် အင်ဂျီဗာကျေးရွာမှ ဖြစ်ကြောင်းနှင့်အများစုမှာ ကလေးငယ်များဖြစ်ကြောင်း၊ ဧပြီ ၂၆ ရက်မှ ယနေ့အထိ အင်ဂျီဗာကျေးရွာတစ်ရွာတည်းတွင် သေဆုံးသူ ၅၆ ဦးရှိကြောင်း၊ ခရိုင်အတွင်းရှိ  အခြားသော ကျေးရွာများကို တွက်ချက်ထားခြင်း မရှိသေးကြောင်း သိရသည်။

ဝက်သက်ရောဂါသည်  ကူးစက်မြန်ဗိုင်းရပ်စ်ရောဂါတစ်မျိုးဖြစ်ပြီး ရောဂါပိုးကူးစက်ခံထားရသူ၏ နှာခေါင်း၊ ပါးစပ်နှင့် လည်ချောင်းတို့မှ ထွက်ရှိသော အရည်စက်အမှုန်အမွှားများမှတစ်ဆင့်  ကူးစက်တတ်သည်။      

ဆင်ဟွာ