ဘိုးအင်း ၇၃၇ မက်စ် လေယာဉ်ပျက်ကျမှု အကြောင်း ဘိုးအင်းအမှုဆောင် အရာရှိချုပ် ထုတ်ဖော်ပြောကြား

၃၀ အောက်တိုဘာ

 

 

လေယာဉ်ပျက်ကျမှု နှစ်ခုနှင့် ဆက်စပ်သော လေယာဉ်ဆော့ဖ်ဝဲများနှင့် ပတ်သက်ပြီး ကုမ္ပဏီ အနေဖြင့် သိထားသည့် အချက်များနှင့် ပတ်သက်ကာ ဘိုးအင်း အမှုဆောင် အရာရှိချုပ်သည် ဝါရှင်တန်တွင် စစ်ဆေးမေးမြန်းခြင်း ခံခဲ့ရသည်။

 

 

ဒင်းနစ် မူလန်ဘတ်သည် ၇၃၇ မက်စ် ၈ ဂျက်လေယာဉ် ပါဝင်သည့် မတော်တဆမှုများတွင် ဘိုးအင်းကုမ္ပဏီ၏ တုံ့ပြန်ချက်နှင့် ပတ်သက်ပြီး အထက်လွှတ်တော် ရှေ့မှောက်တွင် သက်သေထွက်ဆိုခဲ့သည်။

 

 

ပြည်သူလူထု၏ ယုံကြည်မှုကို ပြန်လည်တည်ဆောက်ရန်နှင့် ဘေးကင်းရန် ကုမ္ပဏီ၏ အပြည့်အဝ ကတိကဝတ်ပြုမှုကို မူလန်ဘတ် က ထပ်လောင်းပြောကြားခဲ့သည်။

 

 

မတော်တဆမှုများ ထပ်မံမဖြစ်ပွားစေရန် ဘိုးအင်းက တားဆီးမည်ဟု ၎င်းက ဆိုသည်။

 

 

မတော်တဆမှု တစ်ခုမှာ ၂၀၁၈ ခုနှစ် အောက်တိုဘာလတွင် ဖြစ်ပွားခဲ့ပြီး အခြား မတော်တဆမှု တစ်ခုမှာ ယခုနှစ် မတ်လတွင် ဖြစ်ပွားခဲ့သည်။ ထိုမတော်တဆမှုများကြောင့် လူပေါင်း ၃၄၆ ဦး သေဆုံးခဲ့သည်။

 

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို