ဘိုကလေး-စက်ဆန်း လမ်းပိုင်းအား ပြင်ဆင်ထိန်းသိမ်းခြင်းလုပ်ငန်း ဆောင်ရွက်မည် ဖြစ်သောကြောင့် မော်တော်ယာဉ်သွားလာခွင့် ခေတ္တကန့်သတ်မည်

ဘိုကလေး ၂၉  ဇူလိုင် 


ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင် ဘိုကလေးမြို့နယ် ဘိုကလေး-စက်ဆန်းလမ်းပိုင်းရှိ သကံတံတားမှ စက်ဆန်းအထိလမ်းပိုင်းအား (၂၀၁၈-၁၉) ဘဏ္ဍာနှစ် ဖြည့်စွက်လုပ်ငန်းများမှ ခွဲကျောက်ခင်း၍ ပြင်ဆင်ထိန်းသိမ်းခြင်းလုပ်ငန်းများ၊ ကျောက်ခင်းခြင်း လုပ်ငန်းများအား သြဂုတ်လ (၁)ရက်နေ့မှ စက်တင်ဘာ(၁၀)ရက်နေ့အထိ ဆောင်ရွက်မည်ဖြစ်သောကြောင့် မော်တော်ယာဉ်သွားလာခွင့် ခေတ္တကန့်သတ်မည်ဖြစ်သည်။


လုပ်ငန်းဆောင်ရွက်နေစဉ် ကာလအတွင်း လုပ်ငန်းအောင်မြင်ရေးနှင့် အန္တရာယ်ကင်းစွာ ဆောင်ရွက်နိုင်ရေးအတွက် ခရီးသည် မော်တော်ယာဉ်ကြီးများ၊ ကုန်တင်ကားများ၊ ဒိုင်နာ၊ ကန်တာနှင့် လိုက်ထရပ်ကားများ သွားလာမှု ကန့်သတ်ထားမည်ဖြစ်ကြောင်း၊ ယာဉ်ငယ်များသာ ဖြတ်သန်းခွင့်ပြုမည်ဖြစ်ကြောင်း ဘိုကလေးမြို့နယ်၊ ပုဂ္ဂလိက မော်တော်ယာဉ်လုပ်ငန်းယာဉ်များ စနစ်တကျပြေးဆွဲရေးကြီးကြပ်ရေး ကော်မတီမှသိရသည်။


မိုးစက်(ဘိုကလေး)