ဘိုကလေးမြို့နယ်ရှိ အခြေခံပညာကျောင်းများ ကျောင်းစတင်ဖွင့်လှစ်မှုနှင့် ကျောင်းတက်ရောက်မှု တာဝန်ရှိသူများ လှည့်လည်ကြည့်ရှုအားပေး

ဘိုကလေး ဇွန် ၃

 

၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံရေးနေ့အဖြစ် မေ ၂၃ ရက်မှ ဇွန် ၂ ရက်အထိ သတ်မှတ်ထားရှိခဲ့ပြီး ယနေ့ ဇွန် ၃ ရက်မှစတင်၍ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်သင်ကြားလျက်ရှိရာ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၏ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်မှု အခြေအနေများနှင့် ကျောင်းသား/ကျောင်းသူများ၏ ပျော်ရွှင်စွာဖြင့် ကျောင်းစတင်တက်ရောက်မှု အခြေအနေများကို ယနေ့နံနက် ၉ နာရီက တာဝန်ရှိသူများ လှည့်လည်ကြည့်ရှု အားပေးခဲ့ကြသည်။

 

လှည့်လည်ကြည့်ရှုရာတွင် ဖျာပုံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးသန့်ဇင်နှင့်အတူ ဘိုကလေးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကံဝင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး ဦးထိန်လင်းတို့လိုက်ပါ၍ ဘိုကလေးမြို့ပေါ်မှ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၊ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း၊ အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်း၊ အမှတ်(၁) အခြေခံပညာ အလယ်တန်းကျောင်းနှင့် အောက်ပိုင်းကျောင်းတို့ထံ သွားရောက်၍ ကျောင်းဖွင့်လှစ်ထားရှိမှု အခြေအနေများ၊ ကျောင်းသား/ကျောင်းသူများ၏ စာသင်ကြားမှုနေမှု အခြေအနေများအား ကြည့်ရှုအားပေး၍ သက်ဆိုင်ရာ အခြေခံပညာကျောင်းများ၏ တာဝန်ရှိသူများအား လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။

 

ဘိုကလေးမြို့နယ်တွင် အခြေခံပညာကျောင်းပေါင်း (၄၉၅)ကျောင်း၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း (၁၃)ကျောင်း၊ စုစုပေါင်း (၅၀၈)ကျောင်းရှိပြီး မေ ၂၃ ရက်မှ ဇွန် ၂ ရက်အထိ ကျောင်းအပ်နှံမှုနှင့် ကျောင်းတက်ရောက်သူ ဦးရေပေါင်း ၅၈၅၃၉ ဦးရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

 

မိုးစက်(ဘိုကလေး)