ဘိုကလေးမြို့နယ်တွင် သဘာဝဘေးကျရောက်လာပါက သောက်ရေပြတ်လတ်မှု မရှိစေရေး ဆောင်ရွက်

ဘိုကလေး မေ ၁၂

 

ဒေသတွင်း၌ သဘာဝဘေးအန္တရာယ် ကျရောက်လာပါက သောက်ရေ ပြတ်လပ်မှု မရှိစေရေးအတွက် မေ ၁၁ ရက် ညနေပိုင်းက ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ စက်ဆန်းကျေးရွာအုပ်စု၊ စက်ဆန်းနယ်မြေ မီးသတ်စခန်းမှ သောက်ရေလှူဒါန်းဆောင်ရွက်ခဲ့သည်။

 

လှူဒါန်းဆောင်ရွက်ရာတွင် ရေသန့်အဆင့်ရှိသော သောက်ရေအား အထက(စက်ဆန်း)ရှိ ဂါလန် ၅၀၀၀ ဆံ့ ရေလှောင်ကန်သို့ မီးသတ်ရေယာဉ်ဖြင့် မောင်းတင်သိုလှောင် လှူဒါန်းပေးခြင်းဖြစ်ပြီး သဘာဝဘေးအန္တရာယ် ကျရောက်ပြီးပါက စက်ဆန်းကျေးရွာအုပ်စု ပတ်ဝန်းကျင် ကျေးရွာများသို့ ဆက်လက် ခွဲဝေလှူဒါန်း သွားမည် ဖြစ်ကြောင်း သိရသည်။

 

မိုးစက်(ဘိုကလေး)