ဘိုလီးဗီးယားနိုင်ငံ ပုံမှန်အခြေအနေပြန်ရောက်ပြီ

၂၆ နိုဝင်ဘာ

ဘိုလီးဗီးယားနိုင်ငံမှာ မနေ့ကစပြီး ပုံမှန်အခြေအနေကို ပြန်လည်ရောက်ရှိလာပြီး စာသင်ကျောင်းတွေနဲ့ လုပ်ငန်းတွေ ပြန်လည်လည်ပတ်နေပြီဖြစ်ပါတယ်။

 

2453

 

မြို့တော် လာပတ်ဇ်ရှိ ဓာတ်ဆီဆိုင်တွေကလည်း ပုံမှန်လည်ပတ်လာပြီး ယာဉ်ကြောကလည် ပုံမှန်လို ပြည့်နှက်နေတာကို တွေ့ရပါတယ်။ တစ်လလောက် ပိတ်ထား တဲ့ ကျောင်းတွေ ပြန်ဖွင့်သလို စူပါမားကတ်တွေနဲ့ စားသောက်ဆိုင်တွေကလည်း ပုံမှန်လည်ပတ်တာကို တွေ့ရပါတယ်။ 

 

943

 

ကြားဖြတ်သမ္မတ ဂျီးနင်းအေနက်ဇ်က ဘိုလီးဗီးယားနိုင်ငံမှာ သိပ်ခက်ခဲတဲ့ အခြေအနေကို ကြုံတွေ့အပြီး ပုံမှန်အခြေအနေကို ပြန်ရောက်ပါပြီ။ သန့်ရှင်းပြီးတရားမျှတတဲ့ ထင်သာမြင်သာ ရှိတဲ့  ရွေးကောက်ပွဲကို ကျင်းပသွားမယ်လို့ ပြောကြားပါတယ်။ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်ဟောင်းတွေကို ဖယ်ရှားထားတဲ့အတွက် အဖွဲ့ဝင်အသစ် ၇ ဦးကို လွှတ်တော်က အတည်ပြုပေးရမှာ ဖြစ်ပါတယ်။ အဲဒီနောက် ရွေးကောက်ပွဲအသစ် ကျင်းပမယ့်ရက်ကို ကြေညာရမှာဖြစ်ပါတယ်။

 

6106

 

ဟိုက်ဒရိုကာဗွန်ဝန်ကြီး ဗစ်တာဟူဂိုဇာမိုရာကလည်း လာပတ်ဇ်နဲ့ အီအယ်တိုမြို့တွေအတွက် ပရိုပိန်းဓါတ်ငွေ့ အိုး ၇၀၀,၀၀၀ ရှိတယ်။ လောင်စာ ဖြန့်ချိရေးကိုလည်းပုံမှန်လုပ်ဆောင်သွားမယ်။ သုံးစွဲတဲ့လူတွေကို အေးအေးချမ်းချမ်း ရှိစေချင်တယ်လို့ ပြောဆိုပါတယ်။ 

ပြီးခဲ့တဲ့ စနေနေ့က လွှတ်တော်က သမ္မတဟောင်း အီဗို မိုရဲလက်စ်မပါဘဲ ရွေးကောက်ပွဲအသစ်ကျင်းပနိုင်ရေးကို  လက်ခံပြီးနောက် တနင်္ဂနွေနေ့က ကြားဖြတ်သမ္မတ ဂျီးနင်း အေနက်ဇ်က ရွေးကောက်ပွဲအသစ် ကျင်းပရေး အတွက် လက်မှတ်ရေးထိုးခဲ့ပါတယ်။ အခုလုပ်ဆောင်ချက်ဟာ ဘိုလီးဗီးယားနိုင်ငံတွင်းက မငြိမ်မသက်မှုကို အဆုံးသတ်နိုင်ရေးအတွက် အဓိက ခြေလှမ်း ဖြစ်ပါတယ်။ အောက်တိုဘာလ ၂၀ ရက်နေ့ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲဟာ အငြင်းပွားစရာဖြစ်ခဲ့တဲ့အတွက် နိုင်ငံတွင်းမှာ ပဋိပက္ခတွေ ဖြစ်ပေါ်ခဲ့ရာ လူပေါင်း အနည်းဆုံး ၃၂ ဦး သေဆုံးခဲ့ပါတယ်။ 

MDN
ကိုးကား -AFP