ဇန်နဝါရီ ၂၄

ဘိုလီးဗီးယားနိုင်ငံတွင် နိုဝင်ဘာလကစတင်ကာ မိုးရာသီအတွင်း နိုင်ငံ၏နယ်မြေအုပ်ချုပ်ရေးဌာန ကိုးခုအနက်ရှစ်ခုတွင် အိမ်ထောင်စုပေါင်း ၅၀၀၀ ကျော် ရေဘေးသင့်ခဲ့ပြီး ၁၈ ဦး သေဆုံးခဲ့ကြောင်း တာဝန်ရှိသူတစ်ဦးက ယမန်နေ့က ပြောကြားသည်။

ရေကြီးမှု၊ မြေပြိုမှုများကြောင့် မြို့ ၅၅ ခုသည် အခက်အခဲများစွာနှင့်ရင်ဆိုင်ကြုံတွေ့နေရပြီး လူဦးရေများပြားပြီးထင်ရှားသောမြို့ ၁၂ ခုကို သဘာဝဘေးအန္တရာယ်ဒေသများအဖြစ် ထုတ်ပြန်ကြေညာထားကြောင်း ပြည်သူ့ကာကွယ်ရေးဒုတိယဝန်ကြီးက ပြောသည်။

မိုးသည်းထန်စွာရွာသွန်းမှုများသည် လာမည့်သီတင်းပတ်များအတွင်းဆက်လက်တည်ရှိနိုင်ပြီး ရေကြီးရေလျှံမှုများ ထပ်မံဖြစ်ပေါ်နိုင်သည်ဟု ၎င်းကထပ်လောင်းပြောသည်။

အဆိုးရွားဆုံးရေဘေးသင့်သူများအား အကူအညီများပေးအပ်ရေးနှင့်ပြင်းထန်သောရာသီဉတု ဆိုးကျိုးများလျော့ပါးစေရေး အတွက် ဒေသန္တရမြို့တော်ဝန်များနှင့် အရေးပေါ်ကြားဝင်ညှိနှိုင်းဆောင်ရွက်မည့်အစီအစဉ်ကို လုပ်ဆောင်လျက်ရှိသည်ဟု ၎င်းက ဆိုသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို