ဘိုလီးဗီးယားနိုင်ငံရဲ့ သစ်တောမြေဧက ၄.၂ သန်း လောင်ကျွမ်းပြီး ဖြစ်ကြောင်း အစိုးရထုတ်ပြန်

၅ စက်တင်ဘာ

မေလကတည်းက စတင်လောင်ကျွမ်းခဲ့တဲ့ လက်တင်အမေရိကနိုင်ငံတွေရဲ့ တောမီးအတွင်းမှာ ဘိုလီးဗီးယားနိုင်ငံက  သစ်တောမြေနဲ့ မြက်ခင်းပြင် ဧကပေါင်း ၄.၂ သန်း လောင်ကျွမ်းခဲ့ရာ အဲဒီတောမီးကို ငြှိမ်းသတ်ရန် အမေရိကန်ဒေါ်လာ ၁၁ သန်း သုံးခဲ့ရကြောင်း အစိုးရက မနေ့ (ဗုဒ္ဓဟူးနေ့)က ပြောပါတယ်။ 

 

11

 

သဘာဝပတ်ဝန်းကျင်အရေးလှုပ်ရှားနေသူတွေကတော့ လက်ဝဲဝါဒီသမ္မတ အီဗိုမိုရာလေ ဟာ သစ်တောတွေ မီးရှို့ပြီး စိုက်ပျိုးမြေဖော်ဆောင်ရေးကို အားပေးပါတယ်လို့ ပြစ်တင်ပြောပါတယ်။ 

 

12

 

ဘိုလီးဗီးယားနိုင်ငံအရှေ့ပိုင်းရှိ ဆန်တာခရုစ်ရဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဝန်ကြီး စင်သီယာ အစင်က အခုမီးလောင်တဲ့ ၄၁ ရာခိုင်နှုန်းက ထိန်းသိမ်းထားတဲ့ မြေဖြစ်ပြီး၊ ၃၀ ရာခိုင်နှုန်းက သစ်တောမြေဖြစ်တယ်။ စက်တင်ဘာလရဲ့ ပထမ ၅ ရက်အတွင်းမှာပင် ၇၅၁ ဧက လောင်ကျွမ်းရာ အဲဒီလောင်ကျွမ်းမြေဟာ သစ်တောမြေလို့ ရှင်းပြပြီး အခုတောမီးဟာ လူတွေစိုက်ပျိုးမြေရှင်းလင်းရာကနေ စတင်လောင်ကျွမ်းတယ်လို့ ပြောပါတယ်။  

 

531

 

နိုင်ငံခြားရေးဝန်ကြီးက တောမီးကို ငြှိမ်းသတ်ရန် အမေရိကန်ဒေါ်လာ ၁၁ သန်း သုံးစွဲခဲ့ပြီးဖြစ်ကြောင်း၊ လိုအပ်သည့်နေရာတွင် သုံးစွဲရန် နိုင်ငံတကာအဖွဲ့အစည်းများမှ ထောက်ပံ့ငွေ အမေရိကန် ဒေါ်လာ ၂ သန်း အပိုရှိကြောင်း၊ ရေဂါလံပေါင်း ၁၉,၈၀ဝ သယ်ယူနိုင်တဲ့ ဘိုးရင်း ၇၄၇ လေယာဉ်တစ်စီး၊ ရဟတ်များ နဲ့ မီးသတ်သမား ၄၀ဝ၀ ၊ ရဲနဲ့စစ်တပ်ပါဝင် ငြှိမ်းသတ်ကြကြောင်း ပြောပါတယ်။ 

ဘိုလီးဗီးယားသမ္မတကလည်း ရုရှားနိုင်ငံက ရေ ၅၀,ဝ၀ဝလီတာ သယ်ဆောင်နိုင်သောလေယာဉ်တစ်စီး နဲ့ ၁၆,ဝ၀ဝ လီတာ သယ်ဆောင်နိုင်သော ရဟတ်ယာဉ်သုံးစီးလည်း ရောက်ရှိလာမယ်လို့ မျှော်လင့်ကြောင်း မနေ့က ပြောပါတယ်။ 

MDN
ကိုးကား - AFP