ဘက်ထရီပြဿနာကြောင့် i Phone 6 နဲ့ နောက်ပိုင်းမော်ဒယ်တွေကို ဈေးလျှော့မည်

၂၉ ဒီဇင်ဘာ 

 

i Phone မော်ဒယ်တချို့မှာ ဘက်ထရီသက်တမ်း ကြာရှည်မခံတဲ့ ပြဿနာတွေရှိနေကြောင့်  တရားစွဲဆိုမှုတွေနဲ့ အသုံးပြုသူတွေရဲ့ ဒေါသကို ရင်ဆိုင်နေရတဲ့ Apple ကုမ္ပဏီက  ဘက်ထရီအစားထိုးအသုံးပြုရမှုအတွက် ဈေးလျှော့ချသွားမည်ဖြစ်ပြီး iOS software တစ်ခု ထပ်ထည့်သွားမယ်လို့ သိရပါတယ်။ ယမန်နေ့က Apple ကုမ္ပဏီက ဘက်ထရီပြဿနာ ကိုင်တွယ်ဖြေရှင်းမှုနဲ့ပတ်သက်လို့ ဝက်ဘ်ဆိုက်ကတဆင့် တောင်းပန်ခဲ့ပြီး i Phone အသုံးပြုသူတွေရဲ့ ယုံကြည်မှု၊ အသိအမှတ်ပြုမှု ပြန်လည်ရရှိဖို့ အတွက် ဆောင်ရွက်သွားမှာဖြစ်ကြောင်း ပြောကြားထားပါတယ်။

 

Apple ဟာ ၎င်းရဲ့နောက်ဆုံးထုတ် စွမ်းဆောင်ရည်မြင့် မော်ဒယ် i Phone X ကို အမေရိကန်ဒေါ်လာ $999 ဖြင့် ဖြန့်ချီထားပြီး အရည်အသွေးကောင်းမွန်မှုနဲ့ ကြာရှည်ခံမှုအပေါ် ဖြစ်ပေါ်နေတဲ့ သံသယ နဲ့ စိုးရိမ်ပူပန်မှုတွေကို ချေဖျက်ဖို့ဆောင်ရွက်နေတာဖြစ်ပါတယ်။ 

 


အာမခံ ဘက်ထရီချို့ယွင်းမှုအတွက် i Phone 6 နဲ့ နောက်ပိုင်းမော်ဒယ်တွေကို နောက်လကစပြီး အမေရိကန်ဒေါ်လာ $79 မှ $29 ထိ လျှော့ချသွားမှာဖြစ်ပြီး ဖုန်းမှာအသုံးပြုနေတဲ့ ဘက်ထရီအခြေအနေ ကောင်း မကောင်း သိနိုင်ဖို့အတွက်  iOS စနစ်မှာ software တစ်ခု ထပ်ထည့်မယ်လို့ သိရပါတယ်။ 

 

ဒီဇင်ဘာ ၂၀ မှာ Apple Inc. က ဘက်ထရီချို့ယွင်းမှုကြောင့် ဖုန်းလုပ်ဆောင်ချက်တချို့ နှေးကွေးခဲ့ကြောင်း ဝန်ခံထားပြီး သက်တမ်းလွန် လီသီယမ်ဘက်ထရီကြောင့် အတွင်းပိုင်း circuit တွေကို မထိခိုက်စေဖို့ ရုတ်တရက် ပါဝါကျပြီး ဖုန်းပိတ်သွားရခြင်းဖြစ်ကြောင်း အသိပေးထားပါတယ်။


ဘာသာပြန်-မိုးမမ
ကိုးကား > ရိုက်တာ