ဘင်္ဂလားဒေ့ရှ် မြစ်ထဲတွင် ကူးတို့သင်္ဘောတစ်စီး နစ်မြုပ်မှုဖြစ်ပွား လူ ၁၇ ဦးထက်မနည်း သေဆုံး

၂၉ ဇွန်

 

 

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့တော် မြစ်ထဲတွင် ယနေ့မနက်စောပိုင်းက  ခရီးသည် အများအပြား တင်ဆောင်လာသော ကူးတို့သင်္ဘောတစ်စီး တိမ်းမှောက်နစ်မြုပ်သွားသဖြင့် လူ ၁၇ ဦးထက်မနည်း သေဆုံးခဲ့သည်ဟု မီးသတ်နှင့်ပြည်သူကာကွယ်ရေး ဌာနချုပ်မှ တာဝန်ရှိသူအကြီးအကဲ အီနာရတ် က ပြောကြားသည်။

 

 

အဆိုပါ ကူးတို့သင်္ဘော တိမ်းမှောက်မှုတွင် ပါဝင်သည့် လူ ၁၇ ဦး၏အလောင်းများကို ရှာဖွေတွေ့ရှိခဲ့ကြောင်း ထိုတာဝန်ရှိသူက သတင်းထောက်များကို ပြောကြားသည်။

 

 

ယနေ့မနက် ဒေသစံတော်ချိန် ၉ နာရီ ၃၀ မိနစ်ခန့်က ဘာရီဂန်ဂါမြစ်တွင် "Morning Bird" ကူးတို့သင်္ဘောသည်  "Moyur-2"သင်္ဘောဖြင့် တိုက်မိပြီး တိမ်းမှောက်ခဲ့ခြင်း ဖြစ်သည်ဟု ထိုတာဝန်ရှိသူ၏ပြောကြားချက်အရ သိရသည်။

 

 

၎င်းကူးတို့သင်္ဘောတွင် ခရီးသည် ၁၀ဝ ကျော် တင်ဆောင်လာသည်ဟု ဖော်ပြထားသည်။

 

 

ထိုသင်္ဘောနစ်မြုပ်မှုတွင် ပျောက်ဆုံးနေသူများကို ဆက်လက်ရှာဖွေမှုများ လုပ်ဆောင်နေဆဲဖြစ်ကြောင်း တာဝန်ရှိသူက ပြောကြားသည်။

 

 

ကူးတို့သင်္ဘောသည် နိုင်ငံအတွင်း သယ်ယူပို့ဆောင်ရေး လုပ်ငန်း၏ အဓိက သော့ချက်ဖြစ်ပြီး သင်္ဘောအများစုတွင် မကြာခဏဆိုသလို လူများပြည့်ကျပ်နေလေ့ရှိသည်။

 

 

ရာနှင့်ချီသော မြစ်ချောင်းများတွင် ဖြတ်သန်းသွားနေသော ကူးတို့သင်္ဘောများသည် မတော်တဆမှုများ မကြာခဏ ဖြစ်ပွားလေ့ရှိသည်။

 

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို