ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ နှစ်သစ်ကူးနေ့အခမ်းအနားကျင်းပ

ရန်ကုန် မေ၁၂

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ နှစ်သစ်ကူးနေ့အခမ်းအနားကို မေ ၁၀ ရက် ညပိုင်းတွင် ရန်ကုန်မြို့ သံလွင်လမ်းရှိ မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသံရုံး၌ ကျင်းပသည်။

အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးစိုးသိန်းနှင့် ဇနီး၊ ရန်ကုန်မြို့တော်၀န် ဦးဗိုလ်ဌေးနှင့်ဇနီး၊ မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသံအမတ်ကြီး H.E.Dr.Md. Monwar Hossain၊ ရန်ကုန်မြို့ရှိ နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများ၊ သံရုံးယာယီတာ၀န်ခံများ၊ သံရုံး၀န်ထမ်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသံအမတ်ကြီး H.E.Dr.Md. Monwar Hossain က နှစ်သစ်ကူး နှုတ်ခွန်းဆက်စကား ပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီး၀န်ကြီးချုပ် ဦးစိုးသိန်းနှင့် ဇနီး၊ ဧည့်သည်တော်များသည် ဘင်္ဂလားဒေ့ရှ် သီချင်း Boishakhi Song သီဆိုမှု၊ မြန်မာရုပ်သေးအက၊ မြွေအလိမ္ပာယ်၊ မျက်လှည့်တို့ဖြင့် ဖျော်ဖြေတင်ဆက်မှုများကို ကြည့်ရှုအားပေးကြသည်။

ယင်းနောက် သံအမတ်ကြီးက အခမ်းအနားသို့ တက်ရောက်လာကြသူများအား နှစ်သစ်ကူး ဂုဏ်ပြုညစာဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သတင်းရရှိသည်။

စည်သူလင်း ပြန်/ဆက်