ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ မိုဘိုင်းဖုန်းအသုံးပြုသူ ၁၉၀ ဒသမ ၃၆ သန်းရှိလာ

ဒါကာ       ဒီဇင်ဘာ     ၂၆  

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ မိုဘိုင်းဖုန်းအသုံးပြုသူ စုစုပေါင်းအရေအတွက်သည် ယခုနှစ် နိုဝင်ဘာလကုန်တွင် သန်း ၁၉၀ ကျော်ရှိခဲ့ကြောင်း သိရသည်။

ဘင်္ဂလားဒေ့ရှ် ဆက်သွယ်ရေးစည်းမျဉ်းကော်မရှင်၏ အချက်အလက်များအရ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ မိုဘိုင်းဖုန်းအသုံးပြုသူဦးရေသည် ၂၀၂၃ ခုနှစ် နိုဝင်ဘာလတွင် ၁၉၀ ဒသမ ၃၆ သန်းအထိ ရောက်ရှိခဲ့ ကြောင်း သိရသည်။

လက်ရှိတွင် ဘင်္ဂလားဒေ့ရှ်တွင် မိုဘိုင်းကုမ္ပဏီလေးခုရှိပြီး သုံးခုမှာ နိုင်ငံခြား ကျောထောက်နောက်ခံပြု မိုဘိုင်းအော်ပရေတာများ ဖြစ်သည်။

မိုဘိုင်းအော်ပရေတာများဖြစ်သည့် Grameen Phone ၊ Robi Axiata ၊ Banglalink Digital Communications နှင့် Teletalk Bangladesh တို့၏ မိုဘိုင်းဖုန်း  အသုံးပြု သူဦးရေမှာ ၈၂ ဒသမ ၁၄ သန်း၊ ၅၈ ဒသမ ၃၈ သန်း၊ ၄၃ ဒသမ ၃၈ သန်းနှင့် ၆ ဒသမ ၄၆ သန်း အသီးသီးရှိကြောင်း ဘင်္ဂလားဒေ့ရှ် ဆက်သွယ်ရေးစည်းမျဉ်းကော်မရှင်၏ အချက်အလက်များက ဖော်ပြခဲ့သည်။

ဘင်္ဂလားဒေ့ရှ်၏ မိုဘိုင်းဖုန်း အသုံးပြုသူအရေအတွက်သည် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလကုန်အထိ သန်း ၁၈၀ ဒသမ ၂၀ ရှိကြောင်း သိရသည်။

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - အလင်းသစ်