ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ ပေါက်ကွဲမှုဖြစ်ပြီးနောက် အဆောက်အအုံပြိုကျမှု ဖြစ်ပွားသဖြင့် လူ ခုနစ်ဦးသေဆုံးပြီး ဒဏ်ရာရသူ အများအပြားရှိ

ဇွန် ၂၈

 

ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြို့တော်ဒါကာတွင် ယမန်နေ့က ပေါက်ကွဲမှုကြီးဖြစ်ပွားပြီးနောက် စီးပွားရေးဆိုင်ရာ အဆောက်အအုံ တစ်လုံးပြိုကျခဲ့ရာ လူခုနစ်ဦးထက်မနည်းသေဆုံးပြီး  လူအများအပြား ဒဏ်ရာရရှိခဲ့သည်။

 

အဆိုပါ ပေါက်ကွဲမှုကြောင့် လူ ခုနစ်ဦးသေဆုံးပြီး ဦးရေ ၅၀ ထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း ဒါကာ ရဲအရာရှိ ရှာဖီအစ္စလာမ်က သတင်းထောက်များကို ပြောကြားခဲ့သည်။

 

ထိုဖြစ်ရပ်သည် ည ၇ နာရီ ၃၀ ဝန်းကျင်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ပေါက်ကွဲမှုဖြစ်ပွားရသည့်အကြောင်းရင်းကို ရှင်းရှင်းလင်းလင်း မသိရှိရသေးပေ။

 

စားသောက်ဆိုင်အများအပြားနှင့် ဈေးဆိုင်များတည်ရှိရာ ထိုအဆောက်အအုံတွင် ပေါက်ကွဲမှုဖြစ်ပေါ်စေနိုင်သည့် မည်သည့် အထောက်အထားမျှ မတွေ့ရှိခဲ့ဟု ၎င်းကဆိုသည်။

 

ယင်းပေါက်ကွဲမှုကြောင့် ဘတ်စ်ကားနှစ်စီးတွင်လည်း ပျက်စီးမှုများပြားခဲ့သည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို