ဒါကာ စက်တင်ဘာ၊ ၂၅
ဘင်္ဂလားဒေ့ရှ်နိုင်ငံတစ်ဝန်း၌ ယခုနှစ်လက်ရှိအချိန်အထိ သွေးလွန်တုပ်ကွေးဖြစ်ပွားသူ ၁၈၇၇၂၅ ဦးရှိခဲ့ကာ သွေးလွန်တုပ်ကွေး ဖြစ်ပွားမှုကြောင့် သေဆုံးသူ ၉၀၀ ကျော်ရှိလာကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကျန်းမာရေး ဝန်ကြီးဌာန၏ ပြောကြားချက်အရ သိရသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကျန်းမာရေးဝန်ကြီး ဌာန၏ထုတ်ပြန်ချက်အရ နိုင်ငံတစ်ဝန်းတွင် သွေးလွန်တုပ်ကွေး ဖြစ်ပွားမှုကြောင့် ဇူလိုင်လအတွင်းက ၂၀၄ ဦး၊ ဩဂုတ်လအတွင်းက ၃၄၂၂ ဦးနှင့် စက်တင်ဘာလအတွင်း လက်ရှိအချိန် အထိ ၃၁၆ ဦးအပါအဝင် သေဆုံးသူစုစုပေါင်း ၉၀၉ ဦးရှိလာကြောင်း သိရသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ ဇူလိုင်လအတွင်းက သွေးလွန်တုပ်ကွေးဖြစ်ပွားသူ ၄၃၈၅၄ ဦး၊ ဩဂုတ်လအတွင်းက ၇၁၉၇၆ ဦးနှင့် စက်တင်ဘာလအတွင်း လက်ရှိအချိန်အထိ သွေးလွန် တုပ်ကွေးဖြစ်ပွားသူ ၆၃၉၁၇ ဦးရှိကြောင်း သိရသည်။
ထို့ပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ လွန်ခဲ့သည့် တစ်ရက်တာကာလအတွင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၃၀၀၈ ဦးရှိခဲ့ကာ သေဆုံးသူ ၁၆ ဦးရှိခဲ့ကြောင်းနှင့် လက်ရှိအချိန်အထိ သွေးလွန်တုပ်ကွေးဖြစ်ပွားပြီး ပြန်လည် ကျန်းမာလာသူ ၁၇၆၃၄၆ ဦးရှိ ကြောင်းလည်း သိရသည်။
ဇွန်လမှ စက်တင်ဘာလအထိကာလသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ သွေးလွန်တုပ်ကွေးဖြစ်ပွားမှု အများဆုံး ကာလဖြစ်ကြောင်း သိရသည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - အလင်းသစ်