အောက်တိုဘာ ၂၁

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် အောက်တိုဘာလအတွင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုနှင့်ဆက်စပ်၍ သေဆုံးသူ ၈၄ ဦးရှိရာ ယခုနှစ်အတွင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုကြောင့် သေဆုံးမှု အများဆုံးလဖြစ်သည်ဟု သိရသည်။

လွန်ခဲ့သော ၂၄ နာရီအတွင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၁၂၉၈ ဦးရှိသဖြင့် ယခုလအတွင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၁၈၉၄၂ ဦးရှိလာကြောင်း ဖော်ပြထားသည်။

ယခုနှစ်အတွင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၄၉၈၈၀ ရှိလာပြီး ထိုရောဂါဖြစ်ပွားမှုကြောင့် သေဆုံးသူ ၂၄၇ ဦး ရှိကြောင်း သိရသည်။

သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုကြောင့် စက်တင်ဘာလက ၈၀၊ ဩဂုတ်လက ၂၇ ဦး၊ ဇူလိုင်လက ၁၂ ဦးနှင့် ဇွန်လက ရှစ်ဦး သေဆုံးခဲ့သည်။

၂၀၂၂ ခုနှစ်က သွေးလွန်တုပ်ကွေးရောဂါနှင့်ဆက်စပ်ပြီးသေဆုံးသူ ၂၈၁ ဦးရှိပြီး ၂၀၂၃ ခုနှစ်က သွေးလွန်တုပ်ကွေးရောဂါနှင့်ဆက်စပ်သေဆုံးသူ ၁၇၀၅ ဦးရှိရာ နှစ်စဉ်သွေးလွန်တုပ်ကွေးရောဂါနှင့် ဆက်စပ်ပြီး သေဆုံးသူဦးရေ မြင့်မားလာသည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို