ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ ယခုနှစ်အတွင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုကြောင့် သေဆုံးသူ ၁၅၄၉ ဦးရှိလာ

နိုဝင်ဘာ ၂၀

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ယခုနှစ်ဇန်နဝါရီလနောက်ပိုင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူပေါင်း ၃၀၁၂၂၅ ဦးရှိပြီး သေဆုံးသူ ၁၅၄၉ ဦး ရှိလာကြောင်း ကျန်းမာရေးဌာနက ပြောကြားသည်။

နိုင်ငံတစ်ဝန်းတွင် ယမန်နေ့က သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၁၂၉၁ ဦး ထပ်မံတွေ့ရှိခဲ့ပြီး ယင်းရောဂါဖြင့် ခြောက်ဦး ထပ်မံသေဆုံးခဲ့သည်။

လွန်ခဲ့သောလက ၆၇၇၆၉ ဦး သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားခဲ့ပြီး နိုဝင်ဘာလ ပထမ ၁၉ ရက်အတွင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၃၀၀၈၀ ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနလက်အောက်ရှိ ကျန်းမာရေးဌာနက ဖော်ပြထားသည်။

အဆိုပါရောဂါဖြစ်ပွားရာမှ ယမန်နေ့က ကျန်းမာရေးပြန်လည်ကောင်းမွန်လာသူ ၁၅၂၂ ဦးအပါအဝင် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုမှကျန်းမာရေးပြန်လည်ကောင်းမွန်လာသူပေါင်း ၂၉၄၇၅၇ ဦး ရှိသည်ဟု သိရသည်။

စက်တင်ဘာလက သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၇၉၅၉၈ ဦးရှိပြီး ယင်းရောဂါဖြင့် ၃၉၆ ဦး သေဆုံးခဲ့ရာ   ယင်းလတွင် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှု အမြင့်မားဆုံးဖြစ်သည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို