ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ ယခုနှစ်အတွင်းသွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုကြောင့် သေဆုံးသူ ၁၇၀၀ ကျော်ရှိလာ

ဒီဇင်ဘာ ၂၉

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ယခုနှစ်အတွင်း သွေးလွန်တုပ်ရောဂါဖြစ်ပွားသူဦးရေ ၃၀၀၀၀၀ ကျော်ရှိပြီး ယင်းရောဂါဖြင့်သေဆုံးသူ ၁၇၀၀ ကျော်ရှိလာသည်ဟု သိရသည်။

၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့အထိ  နိုင်ငံတစ်ဝန်းတွင် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူပေါင်း   ၃၂၀၉၄၅ ဦးရှိပြီး ထိုရောဂါဖြစ်ပွားမှုကြောင့် ၁၇၀၁ ဦး သေဆုံးမှုစံချိန်တင်ခဲ့ကြောင်း ကျန်းမာရေးဌာနက ဖော်ပြထားသည်။

အဆိုပါသွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုကြောင့် အောက်တိုဘာလက ၃၅၉ ဦး၊ နိုဝင်ဘာလက ၂၇၄ ဦးနှင့် ဒီဇင်ဘာလ ယမန်နေ့ကအထိ ၇၉ ဦး သေဆုံးခဲ့သည်။

စက်တင်ဘာလက သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုအမြင့်မားဆုံးဖြစ်ရာ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၇၉၅၉၈ ဦးရှိပြီး ၎င်းရောဂါဖြင့် ၃၉၆ ဦး သေဆုံးခဲ့သည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို