ဘင်္ဂလားဒေ့ရှ်တွင် ရထားနှစ်စင်း ခေါင်းချင်းဆိုင် တိုက်မှုဖြစ်ပွား ၁၆ ဦး ထက်မနည်း သေဆုံး

၁၃ နိုဝင်ဘာ

 

ဘင်္ဂလားဒေ့ရှ်နိုင်ငံ အရှေ့ပိုင်းတွင် ရထားနှစ်စင်း ခေါင်းချင်းဆိုင် တိုက်မှုဖြစ်ပွားခဲ့သဖြင့် ၁၆ ဦး ထက်မနည်း သေဆုံးခဲ့ပြီး အခြား အယောက် ၄၀ ကျော် ဒဏ်ရာရရှိခဲ့သည်။

 

1

 

အဆိုပါ ရထားနှစ်စင်းတိုက်မှုသည် ဒါကာမြို့တော်အရှေ့ဘက် ၁၀ဝ ကီလိုမီတာအကွာ ဘရာမန်ဘာရီယာတွင် ယမန်နေ့ အစောပိုင်းက ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

 

၎င်းရထားနှစ်စီး မတိုက်မီ ရထားတစ်စီးမှာ ဒါကာမြို့ကို ဦးတည်သွားနေပြီး အခြားတစ်စီးမှာမူ အရှေ့တောင်ပိုင်း ဒေသရှိ ပင်လယ်ဆိပ်ကမ်းမြို့ဖြစ်သည့် စစ်တကောင်းသို့ ဦးတည်သွားနေခြင်း ဖြစ်သည်။

 

ယင်းဖြစ်ရပ်ကြောင့် ဒဏ်ရာရသူများကို ဆေးရုံသို့ အမြန်ပို့ဆောင် ပေးခဲ့သည်။

 

ဒေသခံ အာဏာပိုင်များသည် ထိုဖြစ်ရပ်၏ အကြောင်းရင်းကို စုံစမ်းမေးမြန်းနေသည်ဟု ဖော်ပြထားသည်။

 

ထိုနိုင်ငံတွင် ရထားလမ်း ဖြတ်ကူးမှုများနှင့် အချက်ပြမှုများမှာ ယေဘုယျအားဖြင့် ကောင်းမွန်စွာ အလုပ်မလုပ်ကြသဖြင့် ရထားတိုက်မှုများ ဖြစ်ပွားနေခြင်း ဖြစ်သည်။

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို