ဘင်္ဂလားပင်လယ်အော်အတွင်း ဖြစ်ပေါ်လာနိုင်သည့် မုန်တိုင်းဘေးအန္တရာယ်အတွက် တိုင်းဒေသကြီး/ ပြည်နယ်အသီးသီး၌ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်

နေပြည်တော် မေ ၉

ပြည်ထဲရေးဝန်ကြီးဌာနကွပ်ကဲမှုအောက်ရှိ မီးသတ်ဦးစီးဌာနမှ မုန်တိုင်းဘေးအန္တရာယ် ကျရောက်လာပါက ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး၊ ရှာဖွေကယ် ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးနှင့် အရေးပေါ်ပြုစုခြင်းလုပ်ငန်းများဆောင် ရွက်နိုင် ရေးတို့အတွက် တိုင်းဒေသကြီး/ ပြည်နယ်အသီးသီး၌ ကြိုတင်ပြင်ဆင်ခြင်း လုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ရခိုင်ပြည်နယ်အတွင်းရှိ ကျောက်တော်မြို့နယ်၊ ကျောက်ဖြူမြို့နယ်၊ စစ်တွေမြို့နယ်၊ တောင်ကုတ်မြို့နယ်၊ ပေါက်တောမြို့နယ်၊ ဘူးသီးတောင်မြို့နယ်၊ မင်းပြားမြို့နယ်၊ မာန်အောင်မြို့နယ်၊ မောင်တောမြို့နယ်၊ မြေပုံမြို့ နယ်၊ မြောက်ဦးမြို့နယ်၊ ရမ်းဗြဲမြို့နယ်၊ သံတွဲမြို့နယ်၊ အမ်းမြို့နယ် စသည့် မြို့နယ်  ၁၄ ခုရှိ မီးသတ်စခန်းများတွင် လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးရှိ ရွှေပြည်သာမြို့ နယ်နှင့် လှိုင်မြို့နယ်စသည့် မြို့နယ် ၂ ခုရှိ မီးသတ်စခန်းများတွင်လည်းကောင်း၊ ဧရာဝတီတိုင်း ဒေသကြီးရှိ ကန်ကြီးထောင့်မြို့နယ်၊ ကျိုက်လတ်မြို့နယ်၊ ပန်းတနော်မြို့နယ်၊ ပုသိမ်မြို့နယ်၊ မအူပင်မြို့နယ်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ လပွတ္တာမြို့နယ်၊ ဝါးခယ်မမြို့နယ်နှင့် ဟင်္သာတ မြို့နယ်စသည့် မြို့နယ် ၉ ခုရှိ မီးသတ်စခန်းများတွင် လည်းကောင်း  မုန်တိုင်းဘေး အန္တရာယ်ကျရောက်လာပါက ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး၊ ရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရေးနှင့် အရေးပေါ် ပြုစုခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးတို့အတွက် အသင့်ကြိုတင်ပြင်ဆင်ဇာတ်တိုက် လေ့ကျင့်မှုများ ဆောင်ရွက် လျက်ရှိကြောင်းနှင့် သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ်များ၊ ခရိုင်များ၊ မြို့နယ်များအလိုက် ပြည်သူများအနေဖြင့် မုန်တိုင်းဘေးအန္တရာယ်နှင့်ပတ်သက်၍ ကြိုတင် ကာကွယ်နိုင်ရေးအတွက် အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ 

သတင်းစဉ်