ဘန်ကောက်မှာ လေထုညစ်ညမ်းနေမှုကြောင့် ကလေးတွေကို အိမ်ပြင်မထွက်စေဖို့ သတိပေးထား

ဘန်ကောက် ၈ ဖေဖော်ဝါရီ

ကမ္ဘာပေါ်မှာ ခရီးသွားဧည့်သည်တွေဝင်ရောက်မှုအများဆုံး နိုင်ငံတွေထဲက တစ်ခုဖြစ်တဲ့ ဘန်ကောက်မှာ လေထုညစ်ညမ်းမှု အန္တရာယ်အဆင့်ရောက်ရှိနေတဲ့အတွက် ဒေသခံတွေကို နှာခေါင်းစည်း (masks ) များဝတ်ဆင်ထားကြဖို့ ဖေဖော်ဝါရီ ၈ ရက် ကြာသပတေးနေ့မှာ သတိပေးချက်ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။

ထိုင်းနိုင်ငံမြို့တော်မှာ ပြီးခဲ့တဲ့သီတင်းပတ်အတွင်း လေထုညစ်ညမ်းမှုတိုးလာတာကြောင့် ဒေသခံတွေဟာ အသက်ရှုလမ်းကြောင်းဆိုင်ရာ ပြဿနာတွေနဲ့ ကြုံတွေ့နေရပါတယ်။ ကျောင်းအချို့ကိုလည်း ကြာသပတေးနေ့မှာ ပိတ်ထားပြီး ကလေးငယ်တွေကို အိမ်ပြင်မထွက်စေဖို့ သတိပေးထားပါတယ်။

လေထုအရည်အသွေးတိုင်းတာမှုအညွှန်းကိန်း(AQI) သတ်မှတ်ချက်အရ PM 2.5၊ PM 10၊ ကာဗွန်မိုနောက်ဆိုက်၊ ဆာလဖာဒိုင်အောက်ဆိုက်၊ နိုက်ထရိုဂျင်ဒိုင်အောက်ဆိုက် နဲ့ မြေပြင် အိုဇုန်းလွှာဆိုပြီး   လေထုကိုညစ်ညမ်းစေတဲ့အရာ ခြောက်ခုရှိတယ်လို့ သိရပါတယ်။

(MDN)

ကိုးကား-ရိုက်တာ