ဘန်လော- ဘန်သဲ- ကျောက်မီးကျောင်း- မြန်မာအင်းတော်- ကျွဲထိန်းကွင်း ကျေးရွာချင်းဆက်လမ်း ဖောက်လုပ်

ထားဝယ်   ဇန်နဝါရီ   ၂၅

နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန အနေဖြင့် ၂၀၂၁ ခုနှစ် အောက်တိုဘာလမှ ၂၀၂၂ ခုနှစ် မတ်လအထိ ၆ လ ဘဏ္ဍာရေးနှစ်တွင် နယ်စပ်ဒေသ ဖွံ့ဖြိုးရေး (ပြည်ထောင်စု) ခွင့်ပြုရန်ပုံငွေ ကျပ် ၁၄၁ ဒသမ ၄၄၇ သန်းဖြင့် ဆောင်ရွက်သည့် တနင်္သာရီ မြို့နယ် ဘန်လော- ဘန်သဲ- ကျောက်မီးကျောင်း- မြန်မာအင်းတော်- ကျွဲထိန်းကွင်း ကျေးရွာချင်းဆက်လမ်း ၁၃/၃ မိုင် အနက် မြေလမ်း ၁/၅ မိုင် အပြီးသတ် ဖောက်လုပ်ခြင်း လုပ်ငန်းနှင့် အဆိုပါလမ်းပေါ်တွင် ၅ ပေ Box Culvert ၁၀ စင်း တည်ဆောက်ခြင်းနှင့် ဘန်သဲကျေးရွာတွင် စိမ့်စမ်းရေသွယ်တန်းခြင်း  ၂/၀ မိုင် (ဂါလန် ၅၀၀၀ ဆံ့ ရေစုကန်၊ ရေတား တမံအပါ) လုပ်ငန်းများ၏ ဆောင်ရွက်ပြီးစီးမှုမှာ  ၉၀ ရာခိုင်နှုန်း ဖြစ်ကြောင်း သိရှိရသည်။

ဘန်လော- ဘန်သဲ- ကျောက်မီးကျောင်း- မြန်မာအင်းတော်- ကျွဲထိန်းကွင်း ကျေးရွာချင်းဆက်လမ်းကို ပြည်ထောင်စု ခွင့်ပြုရန်ပုံငွေ ကျပ် ၇၀ ဒသမ ၉၈၈ သန်းဖြင့် (လမ်းမျက်နှာပြင် အကျယ် ၂၆'၊ လမ်းဘေး ရေမြောင်း တစ်ဖက်လျှင် အကျယ် ၃ ပေ၊ အနက် ၂ ပေ သိပ်သည်းပြီး) မြေသားလမ်း နှင့် ၎င်းလမ်းပေါ်တွင် ၅ ပေ Box Culvert ၁၀ စင်း တည်ဆောက်ခြင်းလုပ်ငန်းနှင့် ဘန်သဲကျေးရွာရှိ စိမ့်စမ်းရေ သွယ်တန်းခြင်း လုပ်ငန်းများပြီးစီးမှုကို တနင်္သာရီတိုင်းဒေသကြီး ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး (ထားဝယ်)မှ ညွှန်ကြားရေးမှူး ဦးရန်လင်းအောင်နှင့်အဖွဲ့သည် ဇန်နဝါရီ ၂၃ ရက်တွင် မြေပြင်ကွင်းဆင်း စစ်ဆေးပြီး လုပ်ငန်းများ အချိန်မီ ပြီးစီးရေးနှင့် လုပ်ငန်းအရည်အသွေး ကောင်းမွန်စေရေး ကွင်းဆင်းစစ်ဆေးခဲ့သည်။

အဆိုပါ လမ်းပိုင်းကို ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှစ၍ နှစ်အလိုက် လျာထားဆောင်ရွက်ခဲ့ပြီး ယခု ဘဏ္ဍာနှစ် တွင် အပြီးသတ် ဆောင်ရွက်ပေးနိုင်ခဲ့ခြင်းဖြစ်ကာ ကျောက်ခင်းလမ်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ခင်ချိုဆင့်