ဘရာဇီး သမ္မတ အမေဇုန်သစ်တော ဖွံ့ဖြိုးမှု အဆိုတင်သွင်း

၂၆ ဇွန်

ဘရာဇီးနိုင်ငံ သမ္မတသည် ဂျပန်ဝန်ကြီးချုပ်နှင့် တွေ့ဆုံချိန်တွင် အမေဇုန်ဒေသ ဖွံ့ဖြိုးရေးပူးတွဲသဘောတူညီမှု အဆိုတင်သွင်းရန် စီစဉ်ထားကြောင်း ဖော်ပြထားသည်။

ဂျပန်နိုင်ငံ အိုဆာကာမြို့တွင် ကျင်းပမည့် ဂျီ - ၂၀ ထိပ်သီးဆွေးနွေးပွဲအတွက် မထွက်ခွာမီ  Jair Bolsonaro  က ၎င်း၏  စိတ်ကူးကို လူမှုမီဒီယာပေါ်တွင် ယမန်နေ့က ရေးသားထားသည်။

ထိုရေးသားထားသော စာတွင် Bolsonaro သည် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး နှင့် တွေ့ဆုံမည်ဖြစ်ကြောင်းနှင့်  အမေဇုန်ရှိ ဇီဝမျိုးစုံမျိုးကွဲများ  စူးစမ်းရှာဖွေခြင်းဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်။

Bolsonaro သည် ယင်းဒေသဖွံ့ဖြိုးတိုးတက်မှုကို ဦးဆောင်ကာ အပူတပြင်း လုပ်ဆောင်နေကြောင်း ဖော်ပြထားသည်။

တောင်အာဖရိကရှိ မိုးသစ်တောသည် ကမ္ဘာ့အကြီးဆုံးသစ်တောဖြစ်ပြီး  ၅ ဒသမ ၅ သန်းစတုရန်းကီလိုမီတာ ကျယ်ဝန်းသည်။

အဆိုပါ မိုးသစ်တောသည်  ကမ္ဘာကြီး ပူနွေးလာမှု လျော့ပါးရေးအတွက် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည်။ ကမ္ဘာကြီး ပူနွေးလာမှုကိစ္စကို ဂျီ -၂၀ ထိပ်သီးဆွေးနွေးပွဲတွင် ခေါင်းစဉ်တစ်ခုအနေဖြင့် ဆွေးနွေးရန် မျှော်မှန်းထားသည်။

ကိုးကား - အန်အိတ်ချ်ကေ
ဘာသာပြန် - မြင့်မြင့်ချို