ဘရာဇီးကမ်းခြေတွေမှာ ကျန်ရစ်ခဲ့တဲ့ ဆီတွေနဲ့ ပတ်သတ်ပြီး အဆိုးဆုံး အခြေအနေတွေနဲ့ ရင်ဆိုင်ရမယ်လို့ သမ္မတပြောကြား

၄ နိုဝင်ဘာ

 

 

ပင်လယ်ထဲမှာ ယိုဖိတ်ခဲ့တဲ့ ရေနံတွေဟာ ဘရာဇီးနိုင်ငံ အတွင်းရှိ ကမ်းခြေ ၂၀ဝ ကျော်အပေါ် သက်ရောက်မှုရှိခဲ့ရာ အဲဒီထက်ဆိုးတဲ့ အခြေအနေနဲ့ ရင်ဆိုင်ရအုံးမယ်လို့ သမ္မတ ဂျာအဲ ဘိုဆိုနာရို က မနေ့က ပြောကြားလိုက်ပါတယ်။

 

 

သမ္မတဟာ Record ရုပ်မြင်သံကြားကို ပြောကြားရာမှာ ယိုဖိတ်ခဲ့တဲ့ ရေနံတွေကို လက်ရှိ ဆယ်ထားတဲ့ ပမာဏဟာ အနည်းအကျဉ်းသာ ရှိသေးပါတယ်။ ရေစီးကြောင်းက ဘရာဇီးကမ်းရိုးတန်းဆီကို အားလုံးသယ်ပြီး သွားနေတယ်။ ဘရာဇီနိုင်ငံရဲ့ ကမ်းရိုးတန်းကို ဘယ်လောက်ထိခိုက်မယ်ဆိုတာ မသိနိုင်ဘူးလို့ ပြောပါတယ်။

 

 

ဘရာဇီးကမ်းခြေမှာ ကျန်ရစ်ခဲ့တဲ့ ရေနံတွေကို လုပ်အားပေးတွေနဲ့ ဝန်ထမ်းတွေက ဆယ်ယူရာတွင် ပမာဏအားဖြင့် တန်ချိန် အများအပြား ရရှိပြီးဖြစ်ကြောင်း သိရပါတယ်။

 

 

ယိုဖိတ်ထားတဲ့ ရေနံတွေ ၁၂၅၀ မိုင် ရှည်လျားတဲ့ ဘရာဇီးကမ်းရိုးတန်းတလျှောက်ကို ရောက်ရှိလာတာ လွန်ခဲ့ သုံးလကတည်း ယိုဖိတ်ခဲ့ရာ ဘရာဇီးနိုင်ငံရဲ့ နာမည်ကြီးကမ်းခြေတွေပါ သက်ရောက်မှု ရှိခဲ့ပါတယ်။ ရေနံတွေ ယိုဖိတ်ခဲ့တဲ့အတွက် သဘာဝပတ်ဝန်းကျင်နဲ့ စီးပွားရေးကို ဘယ်လို အကျိုးသက်ရောက်မယ် ဆိုတာ မသိသေးဘူးလို့ တာဝန်ရှိသူတွေက ပြောပါတယ်။

 

 

ပင်လယ်ပြင်မှာ ရေနံယိုဖိတ်ခဲ့တယ်လို့ သံသယရှိ ရေနံတင်သင်္ဘောမှာ ဂရိတ်အလံပါရှိတဲ့ ဘိုဘိုလီနာ သင်္ဘောဖြစ်ပြီး ဗင်နီဇွဲလား နိုင်ငံကနေ ရေနံတွေ တင်ဆောင်ပြီး စင်ကာပူနိုင်ငံကို ဦးတည်သွားတယ်လို့  ပြီးခဲ့တဲ့သောကြာနေ့က ဘရာဇီးအစိုးရက ပြောပါတယ်။ 

 

 

MDN

ကိုးကား - AFP