ဘရာဇီးနိုင်ငံ အရှေ့တောင်ပိုင်းရေကြီးမှုဖြစ်ပွား လူ ၅၈ ဦးထက်မနည်းသေဆုံး၊ ၄၀၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်

၂၈ ဇန်နဝါရီ

 

ဘရာဇီးနိုင်ငံ အရှေ့တောင်ပိုင်းတွင် ရေကြီးမှုဖြစ်ပွားသဖြင့် လူ ၅၈ ဦးထက်မနည်း သေဆုံးပြီး ၄၀၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရကြောင်း ဒေသဆိုင်ရာ ပြည်သူ ကာကွယ်ရေး အေဂျင်စီက ယမန်နေ့က ပြောကြားခဲ့သည်။

 

4

 

ပြီးခဲ့သည့် သီတင်းပတ်နှောင်းပိုင်းမှစတင်ကာ မိုးသည်းထန်စွာရွာသွန်းခဲ့မှုကြောင့် ရီယို ဒီ ဂျာနီရို၊ မင်နတ်စ် ဂီရစ် နှင့် အက်ရီတို စန်တို ပြည်နယ်များတွင် အကြီးအကျယ် ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည်။

 

မင်နတ်စ် ဂီရစ် ပြည်နယ်တွင် ပြီးခဲ့သည့် သောကြာနေ့မှစတင်ကာ မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် ၄၇ ဦး သေဆုံးခဲ့ပြီး လေးဦးပျောက်ဆုံးကာ ၆၅ ဦး ဒဏ်ရာရရှိခဲ့သည်ဟု ထိုအေဂျင်စီ ကဆိုသည်။

 

မင်နတ်စ် ဂီရစ် ပြည်နယ်ရှိ မြို့ပေါင်း ၁၀၁ မြို့ထက်မနည်းတွင် ရေကြီးမှုကြောင့်  လူ ၁၄၆၀၉ ဦး သည် ၎င်းတို့၏ နေအိမ်များမှဝေးရာသို့ ထွက်ပြေးခဲ့ပြီးနောက်ပိုင်း  အရေးပေါ်အခြေအနေ ကြေညာခဲ့သည်။

 

ဘီလိုဟော်ရီဇွန်တီ မြို့တော်တွင် မြေပြိုမှုများ ဖြစ်ပွားသဖြင့် လူ ၁၃ ဦး သေဆုံးခဲ့သည်ဟု သိရသည်။

 

6

 

ရီယို ဒီ ဂျာနီရိုပြည်နယ်တွင် သေဆုံးသူ နှစ်ဦးထက်မနည်းရှိပြီး အက်ရီတို စန်တို ပြည်နယ်တွင် ကိုးဦး သေဆုံးကြောင်း ဖော်ပြထားသည်။

 

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် အကြီးအကျယ်ထိခိုက်ပျက်စီးခဲ့သည့် အက်ရီတို စန်တိုပြည်နယ် တောင်ပိုင်းရှိ မြို့ကြီးလေးမြို့ကို ဘရာဇီးအစိုးရက ဘေးအန္တရာယ်အခြေအနေတစ်ရပ် ထုတ်ပြန်ကြေညာခဲ့သည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို