ဘရာဇီးနိုင်ငံ ဆော်ပိုလို၌  ကန့်သတ်ပိတ်ဆို့မှုကို ဒီဇင်ဘာလလယ်အထိ အချိန်ထပ်တိုး

ဆော်ပိုလို ၁၉ နိုဝင်ဘာ  

ဘရာဇီးနိုင်ငံတွင် ကိုဗစ်- ၁၉ ကူးစက်ဖြစ်ပွားမှု အဆိုးဆုံး ဖြစ်သည့်  နိုင်ငံအရှေ့တောင်ပိုင်း   ဆော်ပိုလိုပြည်နယ်တွင် ရောဂါကူးစက်မှုအရှိန်မြင့်လျက်ရှိပြီး  ဆေးရုံတက်ရသည့် လူနာအရေအတွက်  ပိုမိုများပြားလာသည့်အတွက် အဝင် အထွက်ကန့်သတ်ပိတ်ဆို့မှုကို လာမည့် ဒီဇင်ဘာ ၁၆ ရက် အထိ အချိန်ထပ်တိုးရန် ဆုံးဖြတ်လိုက်ကြောင်း သိရသည်။

၂၀၂ဝ ပြည့်နှစ်  မတ်လတွင်  စတင်လုပ်ဆောင်ခဲ့သည့် အဝင်အထွက်ကန့်သတ်ပိတ်ဆို့မှုကို   လာမည့်  ဒီဇင်ဘာ ၁၆  ရက် မတိုင်မီအထိ    အချိန်ထပ်တိုးလိုက်ကြောင်း ဆော်ပိုလို အုပ်ချုပ်ရေးမှူး ဂျိုအာအို ဒိုရီယာ လက်မှတ် ရေးထိုးခဲ့သည့် အမိန့်ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါပြည်နယ်တွင်  ကိုဗစ်- ၁၉ ကြောင့် သေဆုံးသူ အရေအတွက်မှာ ၄၀၀၀၀ ကျော်အထိ ရှိလာပြီဖြစ်သည်။

ကန့်သတ်ပိတ်ဆို့မှု စီမံချက်အရ  ဒေသခံပြည်သူ အရေအတွက် ၄၆ သန်းရှိသည့် ဆော်ပိုလိုပြည်နယ်အတွင်းရှိ စီးပွားရေးလုပ်ငန်းဆောင်ရွက်မှုနှင့်   အပန်းဖြေလှုပ်ရှားမှု များကို      ဆက်လက်ကန့်သတ်ထားမည်ဖြစ်ကြောင်း သိရသည်။

ဆော်ပိုလိုပြည်နယ်သည် ဘရာဇီးတစ်နိုင်ငံလုံးတွင် ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုနှင့် သေဆုံးမှုနှုန်းအမြင့်ဆုံး ပြည်နယ်ဖြစ်ကြောင်း သိရသည်။

ရောဂါကူးစက်ဖြစ်ပွားမှု၊    ဆေးရုံတက်ရောက်မှုနှင့် သေဆုံးမှုနှုန်း ထပ်တိုးလာပါက ယခုထက် ပိုမိုတင်းကျပ်သည့် အစီအမံများ ချမှတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း  ဆော်ပိုလိုကျန်းမာရေးဝန်ကြီး ယန်း ဂိုရင်ချီတီယန် က  ကြေညာခဲ့သည်။

ဆင်ဟွာ