ဘရာဇီးနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးကြောင့် သေဆုံးသူ တစ်သိန်းသုံးသောင်းကျော်သွားကြောင်း သိရ

၁၂ စက်တင်ဘာ

 

ဘရာဇီးနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးကြောင့် သေဆုံးသူ ၁၃၀,၀၀၀ ကျော်သွားကြောင်း သောကြာနေ့ထုတ်ပြန်တဲ့စာရင်းအရ သိရပါတယ်။

 

တောင်အမေရိက နိုင်ငံတွေထဲမှာ ဗိုင်းရပ်စ်ပိုးဒဏ်အဆိုးဆုံးခံနေရတဲ့ ဘရာဇီးနိုင်ငံဟာ ဗိုင်းရပ်စ်ပိုးကြောင့် သေဆုံးသူအရေအတွက်ဟာ အမေရိကန် နိုင်ငံပြီးရင် ဒုတိယအများဆုံး နိုင်ငံဖြစ်ပါတယ်။

 

လူဦးရေ ၂၁၂ သန်းနေထိုင်တဲ့  ဘရာဇီးနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်ခံရသူ ၄ ဒသမ ၃ သန်း ရှိပြီး သေဆုံးသူ ၁၃၀,၃၉၆ ဦးရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

 

ဘရာဇီးနိုင်ငံမှာ သေဆုံးသူ အရေအတွက်ဟာ အမြင့်ဆုံးအထိ ရောက်သွားပြီးနောက် ပြန်လည်ကျလာတာကိုတွေ့ရပါတယ်။ အခုရက်ပိုင်းအတွင်းမှာ သေဆုံးသူအရေအတွက်ဟာ ဇွန်လကနေ ဩဂုတ်လအတွင်း နေ့စဉ် ၁,၀၀၀ ကျော်သာ ရှိလာတာကိုတွေ့ရပါတယ်။

 

ဘရာဇီးနိုင်ငံရဲ့ ကျန်းမာရေးဝန်ကြီးတွေ ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်ပျံ့ပွားနေစဉ်အတွင်းမှာ ၂ ဦး နုတ်ထွက်ခဲ့ပါတယ်။ လက်ရှိ တတိယမြောက်ဝန်ကြီးဟာ အရင်က ကျန်းမာရေးနဲ့ ပတ်သက်တဲ့ အတွေ့အကြုံမရှိဘူးတဲ့ စစ်ဗိုလ်ချုပ်တစ်ဦးဖြစ်ပါတယ်။

 

ဘရာဇီးသမ္မတက ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးကို သာမန် တုပ်ကွေးပိုးအဖြစ်သာ ပုံဖော်ပြီး ငှက်ဖျားကာကွယ်ဆေး hydroxychloroquine ဆေးကိုအသုံးပြုပြီး ကုသရန် ပြောဆိုခဲ့ပါတယ်။ သမ္မတဟာ နိုင်ငံတကာက ကျန်းမာရေးပညာရှင်တွေ ပြောဆိုအကြံပြုထားတဲ့ တတ်နိုင်သမျှ အိမ်မှာပဲနေရန် ပြောဆိုချက်ကို စီးပွားကျဆင်းမှုဟာ ရောဂါကူးစက်မှုထက် ပိုကြောက်စရာကောင်းကြောင်းပြောပြီး ကန့်ကွက်သူ ဖြစ်ပါတယ်။

 

MDN

ကိုးကား-AFP