ဘရာဇီးနိုင်ငံမြောက်ပိုင်းတွင် မြေပြိုမှုကြောင့် ၇ ဦးသေဆုံး

၂၅ ဒီဇင်ဘာ

ဘရာဇီးနိုင်ငံ ပန်နာဘူကိုပြည်နယ်၏အရှေ့မြောက်ပိုင်း ရာစီဖေးမြို့တော်၌ မြေပြိုမှုကြောင့် အိမ်နှစ်အိမ်ပြိုကျခဲ့ရာ အနည်းဆုံး မိသားစုဝင် ခုနှစ်ဉီးသေဆုံးခဲ့ကြောင်း ဒေသန္တရမီးသတ်ဌာနက ပြောကြားခဲ့သည်။

 

2

 

အဆိုပါ မြေပြိုမှုသည် Dois Unidos မြောက်ပိုင်းဒေသတွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး ဒေသခံများ အိပ်ပျော်နေချိန်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

 

 

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြေပြိုမှု ဖြစ်ပွားခြင်းဖြစ်နိုင်ကြောင်း မတော်တဆမှု ဖြစ်ပွားရခြင်း အကြောင်းရင်းများကိုမူ မသိကြောင်း မီးသတ်သမားများက ပြောကြားခဲ့သည်။

 

 

ထိုဒေသရှိ ရေပိုက်လှိုင်းနှစ်ခုသည် ကွဲထွက်သွားပြီး မြေပြိုမှုသို့  ရေးစီးကြောင်းများကို ထုတ်လွင့်ခဲ့ကြောင်း အိမ်နီးချင်းများ၏ ပြောကြားချက်များအရ သိရသည်။

 

5

 

 

ထိခိုက်ဒဏ်ရာရရှိသူများထဲတွင် အသက်ကိုးနှစ်အရွယ် မိန်းကလေးတစ်ယောက်နှင့် နှစ်လအရွယ် မွေးကင်းစကလေးငယ်တစ်ဉီးလည်း ပါဝင်ခဲ့သည်။

 

 

အခြားသူ သုံးဉီးမှာလည်း ဒဏ်ရာရရှိခဲ့သည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မေဇော်ထက်