ဘရာဇီးနိုင်ငံ၌ ၂၀၂၄ ခုနှစ်တွင် သွေးလွန်တုပ်ကွေးကြောင့် သေဆုံးသူ ၁၆၀၀ ကျော်ရှိ

ဆော်ပေါ်လို ဧပြီ ၂၁ 

ဘရာဇီးနိုင်ငံ၌ ယခုနှစ်အတွင်း သွေးလွန်တုပ်ကွေးရောဂါကြောင့် သေဆုံး သူ ၁၆၀၁ ဦးရှိသွားပြီ ဖြစ်ကြောင်း ဘရာဇီးနိုင်ငံ  ကျန်းမာရေးဝန်ကြီးဌာနက ဧပြီ ၂၀ ရက်တွင် ပြောကြားခဲ့သည်။ ဘရာဇီးနိုင်ငံ၌ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သွေးလွန်တုပ်ကွေးဖြစ်ပွားသည်ဟု သံသယရှိသူ ၃ ဒသမ ၅၃ သန်း ရှိပြီး တောင်အမေရိကနိုင်ငံဖြစ်သည့် ဘရာဇီးနိုင်ငံ၏ သွေးလွန်တုပ်ကွေး ဖြစ်ပွားမှုနှုန်းမှာ လက်ရှိနေထိုင်သူ ၁၀၀၀၀၀လျှင် သံသယရှိသူ ၁၇၄၁ ဦး ဖြစ်ကြောင်း သိရသည်။

ဘရာဇီးနိုင်ငံ၌ ၂၀၂၃ ခုနှစ်တွင် သွေးလွန်တုပ်ကွေးရောဂါကြောင့် သေဆုံး သူအရေအတွက်သည် ၁၁၇၉ ဦးရှိကြောင်း နှင့် လက်ရှိကာလနှင့်  နှိုင်းယှဉ်ပါက ၃၅ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်းသိရသည်။ ဧပြီ ၁၉ ရက်အထိ ရရှိထားသော အချက်အလက်များအရ  အမျိုးသမီးများသည် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူစုစုပေါင်း၏  ၅၅ ဒသမ ၂ ရာခိုင်နှုန်း ရှိကြောင်းနှင့်  သွေးလွန်တုပ်ကွေးရောဂါကို  ကာကွယ်နိုင်ရန်အတွက် နိုင်ငံ၏ကာကွယ်ဆေးထိုး အစီအစဉ်ကို လိုက်နာရန် ဘရာဇီးအစိုးရက ပြည်သူများအား တိုက်တွန်းထားကြောင်း သိရသည်။

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - အလင်းသစ်