ဘရာဇီးနိုင်ငံ၌ အိုမီခရွန်ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားသူနှစ်ဦးတွေ့ရှိ

ဒီဇင်ဘာ ၁

ဘရာဇီးနိုင်ငံတွင် အိုမီခရွန်ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူနှစ်ဦးကိုတွေ့ရှိကြောင်း အတည်ပြု ထုတ်ပြန်ခဲ့သည်။

 

တောင်အမေရိကတွင် ထိုရောဂါကူးစက်မှုကို ပထမဆုံးတွေ့ရှိခြင်းဖြစ်သည်။

 

အသက် ၄၁ နှစ်အရွယ်အမျိုးသားတစ်ဦးနှင့် ၃၇ နှစ်အမျိုးသမီးတစ်ဦးတို့တွင် အိုမီခရွန်ဗီဇပြောင်းဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားသည်ကို စစ်ဆေးတွေ့ရှိခဲ့သည်ဟု ဘရာဇီးနိုင်ငံ၏ အကြီးဆုံးမြို့ဖြစ်သည့် ဆောပိုလိုအစိုးရက ယမန်နေ့က သတင်းဖော်ပြခဲ့သည်။

 

တောင်အာဖရိကမှခရီးသွားနှစ်ဦး ဘရာဇီးနိုင်ငံသို့ နိုဝင်ဘာ ၂၃ ရက်နေ့ကရောက်ရှိခဲ့ပြီး တောင်အာဖရိကသို့ပြန်ရန် ကြိုးစားနေစဉ် ထိုလေဆိပ်၌ နိုဝင်ဘာ ၂၅ ရက်က ကိုဗစ်ကူးစက်ဖြစ်ပွားသည်ကို စစ်ဆေးတွေ့ရှိခဲ့သည်။ ထပ်မံစစ်ဆေးခဲ့ရာ အိုမီခရွန်ဗီဇပြောင်းကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားသည်ကို တွေ့ရှိရသည်ဟု အတည်ပြုခဲ့သည်။

 

ဘရာဇီးအစိုးရသည် တောင်အာဖရိကနှင့်အခြားတောင်အာဖရိကငါးနိုင်ငံတို့မှ ဝင်ခွင့်ကန့်သတ်ချက်များကို နိုဝင်ဘာ ၂၉ ရက်က သတ်မှတ်ခဲ့သည်။

 

ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို