ဘရာဇီးနိုင်ငံ၌ ခရီးသွားဘတ်စ်ကားတစ်စီး တိမ်းမှောက်သဖြင့် ခုနစ်ဦးသေဆုံး

 ဖေဖော်ဝါရီ ၁

ဘရာဇီးနိုင်ငံတောင်ပိုင်း ပါရာနာပြည်နယ်တွင် ယမန်နေ့က အီဂါဇူရေတံခွန်သို့ဉီးတည်သွားနေသော ခရီးသွားဘတ်စ်ကားတစ်စီး တိမ်းမှောက်ခဲ့သဖြင့် လူခုနစ်ဦးထက်မနည်းသေဆုံးပြီး အခြား ၂၂ ဦး ဒဏ်ရာရရှိခဲ့သည်ဟု ရဲတပ်ဖွဲ့က ပြောကြားသည်။

လူ ၅၄ ဦး တင်ဆောင်လာသော ဘတ်စ်ကားသည် ဆန်တာကာတာရီနာပြည်နယ် ဖလော်ရီရန်နိုပိုလစ်မြို့မှ ထွက်ခွာလာခြင်းဖြစ်ကြောင်း ပါရာနာအဝေးပြေးလမ်းမရဲတပ်ဖွဲ့၏ ပြောကြားချက်အရ သိရသည်။

ထိုထိခိုက်သေဆုံးများအနက် အာဂျင်တီးနားမိခင်တစ်ဦးနှင့်၎င်း၏သုံးနှစ်အရွယ်သမီးတစ်ဦးတို့ပါဝင်ကြောင်း ဒေသန္တရ မီးသတ်တပ်ဖွဲ့က သတင်းထောက်များအားပြောကြားသည်။

အဆိုပါမတော်တဆမှုဖြစ်ပွားရသည့်အကြောင်းရင်းကိုသိရှိရန် ဒေသန္တရအာဏာပိုင်များက စုံစမ်းစစ်ဆေးမှုလုပ်ဆောင် နေကြောင်း ဖော်ပြထားသည်။

ထိုယာဉ်မောင်းက ယာဉ်မောင်းနှင်နေစဉ် အိပ်ငိုက်သွားကြောင်း ဝန်ခံပြောကြားခဲ့သည်ဟု ယာဉ်မတော်တဆမှု ဖြစ်ပွားခဲ့ပြီးနောက် ယာဉ်မောင်းနှင့်စကားပြောခဲ့သည့် ယာဉ်ပေါ်ပါခရီးသည်တစ်ဦးက ပြောကြားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို