ဘရာဇီးနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူပေါင်း ၅၆၇၈၆၂ ဉီးရှိလာ

 

ဆော်ပေါ်လို ဩဂုတ် ၁

ဘရာဇီးနိုင်ငံ၌ လွန်ခဲ့သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ ၉၆၆ ဦးထပ်မံတွေ့ရှိခြင်း ကြောင့် နိုင်ငံတစ်ဝန်း၌ ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူစုစုပေါင်း ၅၆၇၈၆၂ ဦးရှိလာကြောင်း ဘရာဇီး ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။

ထို့ပြင် ဘရာဇီးနိုင်ငံ၌ လွန်ခဲ့သည့် တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၃၃၉၃၃ ဦးထပ်မံတွေ့ရှိ ခြင်းကြောင့် ကိုဗစ်-၁၉ ရောဂါကူးစက် ခံရသူစုစုပေါင်း ၂၀၃၁၉၀၀၀ ရှိလာကြောင်း ဘရာဇီးကျန်းမာရေးဝန်ကြီးဌာန က ပြောကြားသည်။

ဘရာဇီးနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါမှ ပြန်လည်ကျန်းမာလာသဖြင့် ဆေးရုံများမှ ဆင်းခွင့်ရရှိသူစုစုပေါင်း ၁၉၁၇၃၉၁၇ ဦးရှိသွားပြီဖြစ်ကြောင်းလည်း သိရသည်။

လက်ရှိတွင်ဘရာဇီးနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကူးစက်မှု မြင့်တက်လျက်ရှိပြီး ကမ္ဘာတစ်ဝန်းကိုဗစ်-၁၉ ရောဂါကူးစက်မှုတွင် အမေရိကန်နိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့ပြီးလျှင် တတိယအများဆုံးနိုင်ငံဖြစ်ပြီး ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးမှုတွင်မူ အမေရိကန်နိုင်ငံပြီးလျှင် ဒုတိယအများဆုံး နိုင်ငံအဖြစ် ရပ်တည်လျက်ရှိကြောင်း သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-အလင်းသစ်