ဘရာဇီးနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှုကြောင့် ၂၄၀၈ ဦး ထပ်မံသေဆုံး

ဇွန် ၂

ဘရာဇီးနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှုကြောင့် ၂၄၀၈ ဦး ထပ်မံသေဆုံးခဲ့သဖြင့် သေဆုံးသူပေါင်း ၄၆၅၁၉၉ ဦး အထိရှိလာသည်ဟု ကျန်းမာရေးဝန်ကြီးဌာနက ဆိုသည်။

ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၇၈၉၂၆ ဦး ထပ်မံတွေ့ရှိခဲ့ပြီး ကူးစက်ခံရသူပေါင်း ၁၆၆၂၄၄၈၀ အထိ မြင့်တက်လာသည်။

ဘရာဇီးနိုင်ငံသည် အမေရိကန်ပြည်ထောင်စုပြီးလျှင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှုကြောင့် သေဆုံးမှု ဒုတိယအများဆုံးနိုင်ငံဖြစ်သည်။

ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှုတွင် အမေရိကန်ပြည်ထောင်စုနှင့် အိန္ဒိယနိုင်ငံတို့ပြီးလျှင် ဘရာဇီးနိုင်ငံသည် တတိယအများဆုံးနိုင်ငံ ဖြစ်သည်။

ဘရာဇီးနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုများ မြင့်မားနေပြီး ဆေးရုံများတွင် ရောဂါကူးစက်ခံရသူများနှင့်ပြည့်လျှံနေသည်။

ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံပြီးသူ ၂၂ ဒသမ ၁ သန်းကျော်ရှိပြီး ကာကွယ်ဆေးထိုးနှံပြီးသူ ၆၇ ဒသမ ၈ သန်းကျော်ရှိသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို