ဘရာဇီးနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှုကြောင့် တစ်ရက်အတွင်း လူ ၈၆၀ ကျော် ထပ်မံသေဆုံး

မတ် ၂၄

 

ဘရာဇီးနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှုကြောင့် ယမန်နေ့က သေဆုံးသူ ၈၆၀ ကျော်ရှိသည်။

 

နိုင်ငံတစ်ဝန်းတွင် ထိုရောဂါကူးစက်မှုဖြင့် သေဆုံးမှုပေါင်း ၄၄၉၀၆၈ ဦးအထိ မြင့်တက်လာသည်ဟု ကျန်းမာရေးဝန်ကြီးဌာနက ဆိုသည်။

 

ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူဦးရေ ၃၅၈၁၉ ဦးထပ်မံတွေ့ရှိခဲ့ပြီး ကူးစက်ခံရသူပေါင်း ၁၆၀၈၃၂၅၈ ဦးအထိ ရှိလာသည်။

 

ဘရာဇီးနိုင်ငံသည် ကမ္ဘာ့နိုင်ငံများအနက် အမေရိကန်ပြည်ထောင်စုပြီးလျှင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှု ဒုတိယအများဆုံးနိုင်ငံ ဖြစ်သည်။

 

ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှုတွင် ဘရာဇီးနိုင်ငံသည် အမေရိကန်ပြည်ထောင်စုနှင့် အိန္ဒိယနိုင်ငံတို့ပြီးလျှင် တတိယမြောက်အများဆုံးနိုင်ငံဖြစ်သည်။

 

ဘရာဇီးနိုင်ငံသည် ရောဂါကူးစက်မှုလှိုင်း ထပ်မံတေွ့ကြုံနေရပြီး ကူးစက်သူဦးရေများပြားလာပြီး ဆေးရုံများတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှုကြောင့် သေဆုံးသူများဖြင့် ပြည့်နှက်နေခဲ့သည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို