ဘရာဇီးနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူစုစုပေါင်း ၁၉ ဒသမ ၆၃ သန်းရှိလာ

ဆော်ပေါ်လို ဇူလိုင် ၂၅

ဘရာဇီးနိုင်ငံ၌ လွန်ခဲ့သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၁၀၈၇၃၂ ဦး ထပ်မံတွေ့ရှိခဲ့ခြင်းကြောင့် နိုင်ငံတစ်ဝန်း၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူစုစုပေါင်း ၁၉၆၃၂၄၄၃ ဦး ရှိလာကြောင်း ဘရာဇီးကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

ဘရာဇီးကျန်းမာရေးဝန်ကြီးဌာန၏ ပြောကြားချက်အရ လွန်ခဲ့သည့်တစ်ရက်တာကာလအတွင်း ကိုဗစ်-၁၉ ရောဂါကြောင့်သေဆုံးသူ ၁၃၂၄ ဦး ထပ်မံတွေ့ရှိခြင်းကြောင့် ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူစုစုပေါင်း ၅၄၈၃၄၀ ရှိလာကြောင်း သိရသည်။

ဘရာဇီးနိုင်ငံ၌ ဇွန်လနောက်ဆုံးပတ်မှ စတင်ကာ ကိုဗစ်-၁၉ ရောဂါကူးစက်မှု မြင့်တက်လျက်ရှိကြောင်း ဘရာဇီးကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။ ဘရာဇီးနိုင်ငံ၌ လက်ရှိတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးနှစ်ကြိမ်စလုံး ထိုးနှံပြီးသူ ၃၆၅၃၃၁၇ဝ ရှိကြောင်းနှင့် ယင်းအရေ အတွက်သည် ဘရာဇီးနိုင်ငံလူဦးရေ၏ ၁၇ ဒသမ ၂၅ ရာခိုင်နှုန်းရှိကြောင်း သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-အလင်းသစ်