ဘရာဇီးနိုင်ငံ၌ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူ ၃၅၈ ဦး၊ သေဆုံးသူဦးရေ ၂၀ ရှိလာ

ဒီဇင်ဘာ ၂၈

 

ဘရာဇီးနိုင်ငံ အရှေ့မြောက်ပိုင်း ဘဟီရာပြည်နယ်တွင် မိုးသည်းထန်စွာရွာသွန်းခဲ့မှုကြောင့် သေဆုံးသူဦးရေ ၂၀ ရှိလာပြီး ထိခိုက်ဒဏ်ရာရရှိသူ ၃၅၈ ဦးရှိကြောင်း ထိုပြည်နယ်ရှိအာဏာပိုင်များက သတင်းထုတ်ပြန်ထားသည်။

 

မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် နေအိမ်များနှင့်တံတားများပြိုကျခဲ့ပြီး ရေလွှမ်းမိုးမှုများဖြစ်ပွားကာ ပျက်စီးဆုံးရှုံးခဲ့သောပစ္စည်းပမာဏကိုမူမသိရှိရသေးပေ။ ယင်းဒေသမှလူပေါင်း ၄၇၀၀၀၀  ရေလွှမ်းမိုးမှု ဒဏ်ခံစားခဲ့ရသည်။

 

အမျိုးသားမိုးလေဝသအင်စတီကျု့၏ပြောကြားချက်အရ ရေလွှမ်းမိုးမှုကြောင့် ဘဟီရာပြည်နယ်တောင်ပိုင်းတွင် ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည်။ မိုးသည်းထန်စွာရွာသွန်းမှုသည် နိုဝင်ဘာမှစတင်ပြီး ယခုသီတင်းပတ်အထိ ဆက်လက်ရွာသွန်းကာ ဇန်နဝါရီအထိ ကြာမြင့်နိုင်သည်။

 

မာရန်ဟို၊ ကီရာနှင့် ဆောပိုလိုပြည်နယ်များက ယင်းရေလွှမ်းမိုးမှုဒဏ်ခံရသောဒေသများသို့ အကူအညီပေးရန် မီးသတ်သမားများ စေလွှတ်မည်ဟု ဆိုသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို