ဘရာဇီးနိုင်ငံ၌ ပထမဆုံး အိုမီခရွန် ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်သစ် တွေ့ရှိ 

ရီယိုဒီဂျနေရိုး ဒီဇင်ဘာ ၂ 

ဘရာဇီးနိုင်ငံသည် နိုဗယ်ကိုရိုနာဗိုင်းရပ်စ်၏ ဗီဇပြောင်း အိုမီခရွန် ဗိုင်းရပ်စ်ကို တွေ့ရှိကြောင်း ဖော်ပြခဲ့သည့် လက်တင်အမေရိက၏ ပထမဆုံးနိုင်ငံ တစ်နိုင်ငံ ဖြစ်လာသည်။ 

ဘရာဇီးကျန်းမာရေးအာဏာပိုင်အေဂျင်စီ၏ ထုတ်ပြန်ချက်အရ ချစ်သူစုံတွဲတစ်တွဲတွင် အဆိုပါ ဗိုင်းရပ်စ်ပိုးကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။ အမျိုးသားမှာ တောင်အာဖရိကမှ ဆော်ပိုလို သို့ နိုဝင်ဘာ ၂၃ ရက်က ပြန်လည်ရောက်ရှိလာသူဖြစ်ပြီး ၎င်း၏ဇနီးမှာ ခရီးမသွားကြောင်း သိရသည်။

ဘရာဇီးအစိုးရသည် အိုမီခရွန်စတင်တွေ့ရှိခဲ့သည့် တောင်အာဖရိက နိုင်ငံ၏လေကြောင်းလိုင်းများကို ယာယီပိတ်ထားသည်။ အိုမီခရွန်သည် ဗီဇအမျိုးမျိုးပြောင်းလဲနိုင်ကတည်းက ၎င်းနှင့်ပတ်သက်ပြီး သတိထား ရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က သတိပေးခဲ့သည်။ ကမ္ဘာ့ ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားရာ ဗဟိုချက်နေရာဖြစ်သည့် ဘရာဇီးနိုင်ငံတွင် ကိုဗစ်၁၉ ကူးစက်ဖြစ်ပွားသူပေါင်း ၂ သန်းကျော်ရှိပြီး ၆၁၅၀၀၀ သေဆုံး ခဲ့သည်။

ဆင်ဟွာ