ဘရာဇီးနိုင်ငံ၌ တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၄၄၁၅၄ ဦး ထပ်မံတွေ့ရှိ

ဆော်ပေါ်လို မတ် ၂၁

ဘရာဇီးနိုင်ငံ၌ လွန်ခဲ့သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၄၄၁၅၄ ဦး ထပ်မံတွေ့ရှိခဲ့ပြီး အဆိုပါရောဂါဖြင့် သေဆုံးသူ ၃၀၄ ဦးထပ်တိုးလာခြင်းကြောင့် နိုင်ငံတစ်ဝန်းတွင် ကိုဗစ်၁၉ ရောဂါကူးစက်ခံရသူစုစုပေါင်း ၂၉၆၁၇၂၆၆ ဦးရှိလာကြောင်းနှင့် အဆိုပါရောဂါဖြင့်သေဆုံးသူပေါင်း ၆၅၇၁၀၂ ဦးရှိလာကြောင်း ဘရာဇီး ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။


ဘရာဇီးနိုင်ငံ၌ နေ့စဉ် ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ အရေအတွက်သည် ဖေဖော်ဝါရီ ၁၁ ရက်မှစတင်ကာ ကျဆင်းခဲ့ပြီး နေ့စဉ် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူအရေအတွက်သည်လည်း ၃၈၀၀၀ ဝန်းကျင်ရှိကြောင်း သိရသည်။

လက်ရှိတွင် ဘရာဇီးနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အလုံးရေ ၁၅၈ ဒသမ ၈ သန်းခန့် အသုံးပြုပြီးဖြစ်ကြောင်းနှင့် ဘရာဇီး နိုင်ငံသား ၇၂ ဒသမ ၂ သန်းသည် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး တတိယအကြိမ် အပိုဆောင်းထိုးနှံမှုခံယူပြီးဖြစ်ကြောင်း ဘရာဇီး ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။


ဘရာဇီးနိုင်ငံသည် ကမ္ဘာတစ်ဝန်းရှိနိုင်ငံများအနက် ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးမှုတွင် အမေရိကန်နိုင်ငံပြီးလျှင် ဒုတိယအများဆုံး နိုင်ငံဖြစ်ပြီး ကိုဗစ်-၁၉ ရောဂါကူးစက်မှုတွင် အမေရိကန်နိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့ပြီးလျှင် တတိယအများဆုံးနိုင်ငံဖြစ်ကြောင်း သိရ သည်။

ကိုးကား-ဆင်ဟွာ၊ ဘာသာပြန်-အလင်းသစ်