၁ ဧပြီ
ဘရာဇီးနိုင်ငံတွင် ကိုဗစ်-၁၉ ကြောင့် သေဆုံးသူဦးရေ မှာ ၁၅၉ ဦးမှ ၂၀၁ ဦးအထိ ရှိလာပြီ ဖြစ်ကြောင်း၊ ကူးစက်ခံရသူ အရေအတွက်မှာ ၄၅၇၉ မှ ၅၇၁၇ ဦး ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ယမန်နေ့က ဖော်ပြထားသည်။
ကိုဗစ်-၁၉ ကြောင့် သေဆုံးမှုနှုန်းမှာ ၃ ဒသမ ၅ ရာခိုင်နှုန်း ဖြစ်သည်ဟု ကျန်းမာရေးဝန်ကြီးဌာနက ဆိုသည်။
ကျန်းမာရေးဝန်ကြီး Luiz Henrique Mandetta က ကျန်းမာရေးစောင့်ရှောက်မှုစနစ်ကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ပေးကာ ကူးစက်ရောဂါပြန့်ပွားမှု ထိန်းချုပ်သည့်အနေဖြင့် လူအများသွားလာမှု ကန့်သတ်ထားခြင်းကို ဆက်လက်လုပ်ဆောင်သွားရန် တနင်္လာနေ့က တိုက်တွန်းပြောကြားခဲ့သည်။
လူအများလှုပ်ရှားသွားလာမှုနှင့်ပတ်သက်သည့် ကန့်သတ်ချက်များကို ကာလအတော်ကြာ ထားရှိသွားမည် ဖြစ်ပြီး အချို့သောနေရာများရှိ သွားလာမှု ကန့်သတ်ထားသည့် နေရာများကို လာမည့်သီတင်းပတ် ကျော်လွန်လျှင် ရုပ်သိမ်းသွားမည်ဟု ပြည်နယ်အစိုးရများက ထုတ်ပြန်ကြေညာခဲ့သည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို